Preview

ကရင်နီ ဒေသထဲက ခလ၇ ၁၃၅ ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု KMIC အဖွဲ့ထုတ်ပြန်

မတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :5829
ပြည်တွင်း သတင်း

နိရဥ္စရာ၊မတ်လ ၁၇/ ၂၀၂၃

 

ကရင်နီ(ကယား)ပြည်နယ်၊သံလွင်မြစ်အရှေ့ခြမ်းရှိစစ်ကောင်စီ၏ ခလ၇ ၁၃၅ ရှေ့တန်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC) ကယနေ့ ထုတ်ပြန်သည်။

 

အဆိုပါစခန်းကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်း ၅ နာရီ မှ ၆ နာရီ အတွင်းကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားသည်။ 

 

တိုက်ခိုက်သိမ်းပိုက်ချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ၏ သေဆုံးရုပ်အလောင်းနှင့် ဆက်သွယ်ရေး စက်ကြီး ၁ လုံးအပါအဝင်လက်နက်ခဲယမ်းများ သိမ်းဆည်း၇မိကြောင်း ဖော်ပြထားသည်။

 

၎င်းပြင် ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ သည် မတ်လ ၆ ရက်နေ့ကလည်းသံလွင်မြစ်အရှေ့ခြမ်းရှိ ခလ၇(၅၄) ဟွေအွမ်စခန်းအားဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သေးကြောင်း သိရှိ၇သည်

 

ထိုစခန်းသိမ်းပိုက်မှုတွင် ၆၀မမ (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1(၁)လက်၊MA-2(၂)လက်၊MA-4(၂)လက် သိမ်းဆည်း၇မိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း(၆)လောင်း တွေ့ရှိခဲ့၇သည်။

 

အလားတူဖေဖော်ဝါရီ ၂ရရက်ကလည်း ကရင်နီတပ်မတော် နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ပူးပေါင်းပြီးစစ်ကောင်စီ၏ပွိုင့်အမှတ်(၁၄၄၁) စခန်းကို ဝင်ရောက်တို က်ခိုက်သိမ်းပိုက်ခဲ့သေးသည်။  

 

ပွိုင့်အမှတ်(၁၄၄၁)စခန်းသိမ်းပိုက်မှု၌၁၂၀ မမ(၁)လက်၊9 MM (၁)လက်၊RPG - 7 (၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ MA-2 (၃)လက်၊MA-4 (၁)လက်အမျိုးအစားမသိ လက်နက်(၂)လက်၊ ဗုံးသီးများနှင့်ကျည်ဆံများသိမ်းဆည်းရရှိခဲ့သည်။

 

စစ်ကောင်စီမှ ကရင်နီ ဒေသအတွင်း စစ်မျက်နှာ ၄ ခု ဖွင့် စစ်ကြောင်း ၁၂ ကြောင်းဖြင့်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရှိ၇သည်။

(NN- 25)

 

ဓာတ်ပုံ- စစ်ကောင်စီ၏ ခလ၇ ၁၃၅ ရှေ့တန်းတပ်စခန်းမှ သိမ်းဆည်း၇မိ လက်နက်ခဲယမ်းများ

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.