စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၌ SNLD ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်

နိရဉ္စရာ၊ မတ်လ ၁၉/ ၂၀၂၃
တိုင်းရင်းသားပါတီများအထဲက နာမည်ကြီး ပါတီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ
ပြီးခဲ့သည့် မတ်လ ၁၆၊ ၁၇ ရက်တွေမှာကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကနေ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ၎င်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
"SNLD ပါတီဝင်တွေဟာ
ကချင်ပြည်နယ်မှာရော ကယားပြည်နယ်မှာပါ ရှိနေပေမယ့် လက်ရှိပဋိပက္ခ တွေကြောင့် လမ်းခရီးနဲ့လုံခြုံရေးအကန့်အသတ်
စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ လက်ရှိနိုင်ငံ ရေးပါတီများသည် ပြန်လည်မှတ်ပုံမတင်ဘူးဆိုပါက ပါတီအဖြစ်ကနေ ဆက်လက်ရပ်တည်ခွင့် ရှိတော့ မှာမဟုတ်ဘဲ ပျက်ပြယ်သွားမှာဖြစ်တယ်ဆိုတာကို ဦးစိုင်းလိတ်က အခုလိုပြောသည်။
“နိုင်ငံရေးပါတီတစ်ခုဟာ ရွေးကောက်ပွဲမဖြတ်သန်းသော်ငြား
SNLD ပါတီသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD နှင့် USDP ပါတီပြီးလျှင် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၂ နေရာ၌ တတိယ မဲ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။
SNLD ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြီးလျှင် ဒုတိယ မဲအများဆုံးရခဲ့ သည့် ပါတီဖြစ်ခဲ့သည်။ NN - 24
Photo ; SNLD . FB