အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းပြီး ၂နှစ်အတွင်း နေအိမ်ပေါင်း ၆ သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.5k

နိရဉ္စရာ၊ မတ်  ၂၀ - ၂၀၂၃

 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတို့၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းတွင် ,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် ,၄၈၅ လုံးနှင့် ကျန် ပြည်နယ်နှင့် တိုင်းများ၌ ,၁၇၇ လုံး အစရှိသဖြင့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

 

ရခိုင်ပြည်နယ်ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လက်ချက်ကြောင့် နေအိမ်အလုံးပေါင်း ၁၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

 

အချက်အလက်တွေရရှိဖို့ မီဒီယာများနှင့် ဒေသဆိုင်အလိုက် သတင်းပြန်ကြားရေးအဖွဲ့များထံကနေ ရယူ ထားသည်။ အရေအတွက်များသည့် ဖြစ်စဉ်များကို NASA အဖွဲ့က အချက်အလက်များနှင့် အတည်ပြုလို့ ရသမျှ စိစစ်ထားသည်။

 

အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့သည်။ ထို့ကြောင့် မြေပြင်နှင့် နီးစပ်သည့်အဖွဲ့များ၏ အချက်အလက်များက အရေအတွက် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။ NN - 24

ဆက်စပ် သတင်းများ