Preview

စစ်အုပ်ချုပ်ရေးနယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်းတွင်သင်္ကြန်ပွဲတော်ကို စည်ကားအောင် ကျင်းပမည်ဟုဆို

မတ် ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :8655
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်လ ၂၀/၂၀၂၃

စစ်အုပ်ချုပ်ရေး နယ်မြေများအဖြစ် သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းတွင် သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်အောင် ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြော ဆိုခဲ့ကြောင်း စစ်ကိုင်းတိုင်းအတွင်းမှ ဝန်ထမ်းတစ်ချို့ထံမှ သိရှိ၇သည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရိုးရာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။

သူပြောသွားတာတော့ ပြည်သူတွေ၊ မွန်းကျပ်မှုတွေ ပြေပျောက်အောင်လို့တဲ့ဗျာ။ အဆိုတော်တွေ၊ မင်း သမီး မင်းသားတွေနဲ့ စည်းကားအောင်လုပ်ဖို့ မှာခဲ့တယ်ပေါ့ဟု အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့ သည့် စစ်ကောင်စီ၏ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ကြေ ညာထားပြီး ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားများအပြားဖြင့် စစ်ကြောင်းထိုးကာ ဝင်ရောက်မီးရှို့ဖျက်စီးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ က ပြောသည်။

နယ်မြေတည်ငြိမ်တယ်ပြချင်လို့နေမှာပေါ့။ သူတို့တပ်ရဲ့ အပေါက်၀နားတွေပဲလုပ်လို့၇မှာလေ။ ဒီမှာ နယ်မြေစိုးမိုးမှုက သိတဲ့အတိုင်းပဲလေဟု မုံရွာဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါဒေသသည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် နယ်မြေများဖြစ်ကြောင်းနှင့် ယခုကဲ့ သို့ သင်္ကြန်ကာလ စည်ကားအောင်ကျင်းပမည်ဟု ဝန်ကြီးချုပ်မှပြောဆိုခြင်းသည် လက်တွေ့မှာမဖြစ်နိုင် ကြောင်းလည်း ဒေသခံများနှင့် စစ်ကောင်စီ၏ ဝန်ထမ်းများအကြားပြောဆိုနေကြောင်း သိရှိ၇သည်။

စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုး၇လက် ထက်ကမုံရွာမြို့ချင်းတွင်းသင်္ကြန်ပွဲတော်ကို ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြုလုပ်ကျင်းပခဲ့ပြီး အတော် ကိုစည်ကားမှုရှိခဲ့ကြောင်း သိရှိ၇သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်ကောင်စီကဦးစီး  ကျင်းပပြုလုပ်ခဲ့သည့် သင်္ကြန်ပွဲတော်သည် လုံခြုံရေးအင်အား တင်းကြပ်စွာချထားပြီး ကျင်းပပြုလုပ်ခဲ့၇ ကြောင်း သိရှိ၇သည်။

 (NN –25)

ဓာတ်ပုံ - ၂၀၂၂ ခုနှစ် နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.