ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

မန္တလေး ပို့ဆက် ရုံး လက်ပစ်ဗုံးနှင့်ပစ်ခတ်ခံရ၊ ဝန်ထမ်း ၄ ဦး ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ မတ်လ ၂၁/ ၂၀၂၃

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ စစ် ကောင်စီ၏ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ရုံးခန်းထဲသို့ မတ်လ ၂၀ ရက်နေ့က လက်ပစ်ဗုံးနှင့် အပစ် ခတ်ခံရသဖြင့် ၀န်ထမ်း ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါရုံးခန်းအတွင်းသို့ တော်လှန်ရေးရဲဘော်တချို့သည် မတ်လ ၂၀ ရက် မနက် ၁၁ နာရီ ကျော်ခန့်က ၀င်ရောက်လာပြီး လက်ပစ်ဗုံးနှင့်ပစ်ခတ်ခဲ့ရာ ဒု - ဦးစီးမှူး ဦးလွှမ်းမိုး၊ အကြီးတန်းစာရေး ဦးဇော်မြင့်၊ အငယ်တန်းစာရေး မသူသူအောင်နှင့် ဒေါ်လှစံပယ်ကျော်တို့ ထိခိုက်ဒဏ်ရများရရှိခဲ့ကြောင်း သိရှိရသည်။

 

ဗုံးစထိမှန်ခဲ့မှုကြောင့် ၎င်း၀န်ထမ်း ()ဦးတို့၏ ခြေထောက်၊ လက်၊ နား၊ ပေါင်တို့တွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ရကြောင်း သိရှိရသည်။

 

ကျမတို့လဲ ဒီနားမှာကိစ္စတစ်ခုနဲ့လာရင်း ပြောသံကြားလို့ စပ်စုချင်လို့ တကူတကကိုသွားကြည့်တာ။ စစ် ကားတွေရော၊ ဟို လက်နက်တကားကားနဲ့ သူတွေရောပေါ့၊ ပြာယာခတ်နေတာ တွေ့ခဲ့ရတယ်။ အဓိက စပ်စုချင်လို့သွားကြည့်တာပါဟု ဒေသခံတစ်ဦးက ပြော သည်။

 

ယခုကဲ့သို့ အနီးကပ်ဗုံးပစ်ခဲ့မှုအပြီး တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီလက် အောက်ခံများမှ သူခိုးဟု အော်ဟစ်ကာဖမ်းဆီးခိုင်းခဲ့သော်လည်း ရဲဘော်များ ဘေးမထိ လွှတ်မြောက်ခဲ့ သည်ဟုလည်း အောင်စည်တော်စစ်ဆင်ရေး (မန္တလေး) မှ ရဲဘော်တစ်ဦးက ပြောသည်။

 

၎င်းရုံးသို့ မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များရောက်ရှိလာခဲ့ပြီး ကန့်သတ်ပိတ်ဆို့ မှုပြုလုပ်ကာ၊ လမ်းသွားလမ်းလာများကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ြုလုပ်ခဲ့ကြောင်းကို လည်း ဒေသခံများက ပြောသည်။

 

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဌာနဆိုင်ရာရုံးများတွင် စစ်ကောင်စီမှ အရပ်၀တ်များဖြင့်လည်း လုံခြုံရေး သတင်းပေး တိုးမြှင့်ချထားကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

(NN – 25)

ဓာတ်ပုံ - မန္တလေးတိုင်း ပို့/ဆက် ရုံးအတွင် ဗုံးပစ်ခံရမှု အပြီး (ပေးပို့)

ဆက်စပ် သတင်းများ