Preview

မတ်လ(၂၄)ရက် သောကြာနေ့ကို အစ္စလာမ်ဘာသာဝင်များ၏ လမြတ်ရမဇာန် ပထမနေ့အဖြစ်အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်ကဆုံးဖြတ်ကြောင်းထုတ်ပြန်

မတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :2776
ပြည်တွင်း သတင်း

နိရဥ္စရာ၊ မတ်လ၂၃/၂၀၂၃
 
မနက်ဖြန် မတ်လ ၂၄ရက်(သောကြာနေ့)ကို အစ္စလာမ်ဘာသာဝင်များ၏ လမြတ်၇မဇာန်(၁)ရက်နေ့ အဖြစ်ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံအိုလမာ - အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်က ယမန်နေ့ မတ်လ ၂၂ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အ၇ မမြင်ကြောင်းခိုင်လုံစွာ သတင်းရရှိသည့်အတွက်မတ်လ(၂၄)ရက် (သောကြာနေ့)သည်လမြတ်၇မဇာန်(၁)ရက်နေ့ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

၇မဇာန်လသည် အစ္စလာမ်ဘာသာတွင်တန်ဖိုးအကြီးဆုံးလဖြစ်ပြီး လမြတ်၇မဇာန်(၁)ရက်နေ့မှ တစ်လတိတိအစ္စလာမ်ဘာသာဝင်များအနေဖြင့် မဖြစ်မနေ ဥပုသ်ဆောက်တည်ကြ၇သည်ဟုဘူးသီးတောင်မြို့နယ်၊စိမ့်ညှင်းပြားကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

"ဒါ ကျနော်တို့အစ္စလာမ်ဘာသာမှာ အရမ်းအရေးကြီးတဲ့လဖြစ်ပါတယ်။ ဓလေ့ထုံးစံမှာ ၇မဇာန်လဆိုတာကအစ္စလာမ်ဘာသာမှာ တန်ဖိုးအကြီးဆုံးလဖြစ်တယ်။ မလုပ်လို့မရပါဘူး။အဲ့ဒီနေ့ကစပြီး တစ်လလုံး ရမဇာန်ကိုင်၇ပါတယ်။ မနက်နေထွက်ချိန်ကစပြီး နေဝင်တဲ့ အချိန်ထိ တစ်နေ့လုံး ရေအပါအဝင် အစားအသောက်မစား၇ဘဲ ဥပုတ်စောင့်ကြ၇ပါတယ်။ဘာသာဝင် ယောကျာ်း၊မိန်းမ၊ အရွယ်ရောက်ပြီးသား ၊ အသက်ကြီးသူတွေရော၊အစ္စလာမ်သူတော်စင်အားလုံး ကျနော်တို့ တမန်တော်မိန့်မှာတဲ့ အတိုင်း လုပ်ဆောင်ကြ၇မှာဖြစ်ပါတယ်"ဟု ပြောသည်။

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဧပြီလ၂၁ ရက် (သောကြာနေ့)ညနေတွင် ဥပုသ်သီလ ဆောက်တည်ပြီးနောက် ဆန်းဦးစလကိုကြည့်ရှုကာသတင်းပေးပို့ကြပါရန်လည်း အိုလမာ - အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်ကတောင်းဆိုထားသည်။ (NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.