Preview

မြန်မာ-ထိုင်း နယ်စပ် မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွားနေ

မတ် ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :3813
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မတ်လ ၂၅ - ၂၀၂၃

 

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် သင်္ဃန်းညီနောင်၌ စစ်ကောင်စီတပ်နှင့် KNU/KNLA နှင့် PDF ပူးပေါင်း တပ်တို့အကြား မတ်လ ၂၅ ရက် ယနေ့နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း မြ၀တီမြို့ ဒေသခံများထံမှ သိ၇သည်။

 

စစ်ကောင်စီတပ်နှင့် BGF တပ် စခန်းများကို နံနက် နာရီလောက်ကစပြီး ပူးပေါင်းတပ်ဖွဲ့က  စတင်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိ၇သည်။

 

"ဒီမနက်အစောပိုင်းလောက်ကတည်းက ပစ်နေကြတာ။ တောက်လျောက်ကိုပစ်နေတာ အခုထိပဲ၊ လက် နက်ကြီးတွေနဲ့လည်း ပစ်နေတယ် "

 

ကုန်သွယ်ရေးဇုန်လည်း မီးလောင်ပျက်စီးကာ တခြားအဆောက်အဦးများလည်း မီးလောင်နေကြောင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ် မြ၀တီ-ကော့ကရိတ် လမ်းပိုင်းတစ်ချို့ လက်နက်ကြီးဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း၊ ပြောသည်။

 

စစ်ကောင်စီဖက်က နံနက် နာရီကျော်လောက်မှာ လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်နေ သည်ဟု ဒေသခံများက ပြောကြသည်။

 

အဆိုပါတိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှနှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိ၇သေးဘဲ နောက်ဆက်တွဲအခြေအနေများကို နိရဉ္စရာ မှ စုံစမ်းနေဆဲဖြစ်သည်။

 

နောက်ဆုံး၇သတင်းအ၇ မြန်မာဖက်အခြမ်းကနေချစ်ကြည်ရေး တံတား ၁ ကို ပိတ်လိုက်ပြီဖြစ်ကြောင်း သိ၇သည်။

NN – 24

Photo ;Myawadi Page

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.