နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၃
ရန်ကုန်၊အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ အမှတ် (၂) စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁ ရက်နေ့မနက် ၉ နာရီက ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိ၇သည်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦး ဗုံးစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာ၌ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စည်ပင်ရဲတပ်ဖွဲ့များက ယာဉ်ကြောရှင်းလင်းမှုပြုလုပ်ပေးခဲ့ရကြောင်း သိရှိ၇သည်။
အဆိုပါပေါက်ကွဲမှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association (YUG)အဖွဲ့ဝင်ဖြစ် သည့် God’sHand Forces (GHF) အဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “အသက်လျော်ကြေးစစ်ဆင်ရေး”ဟုGFH ကပြောဆိုထားသည်။
ကုန်ပစ္စည်းတင်ယာဉ်မောင်းတစ်ဦးက “ကျနော်ကမနက်ဆို ကားဝင်းထဲ ပစ္စည်းသွားသယ်နေကြလေ။ မနက် ၈ ခွဲ ကျော်ကျော်လောက်က အသံကျယ်တယ်ဗျ။ကြားကြားချင်းပြေးကြည့်တာပေါ့”ဟုပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းများကို အဓိက ဖော်ပြသည့် ဌာနများတွင် PDFအဖွဲ့ ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
GFH ကမိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်များ၊လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများ အနီးဖြတ်သန်းသွားလာမှုရှောင်ရှားကြရန်နှင့် မဖြစ်မနေ ဖြတ်သန်း သွားလာရန်လိုအပ်ပါက အဝေးမှ ဖြတ်သန်းသွားလာရန်မေတ္တာရပ်ခံထားသည်။ (NN – 25)
ဓာတ်ပုံ- အောင်မင်္ဂလာအဝေးပြေယာဉ်ရပ်နားစခန်း