- Web Master
- ၁၀ ဇူလိုင် ၂၀၂၃
နိရဉ္စရာ၊ ဧပြီ ၈ / ၂၀၂၃
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် မင်မြို့၌ ဧပြီ ၈ရက် ယနေ့နံနက်က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ ပြောင်းအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည့် ဗင်ကား (အံစာတုံး) နှင့် ကုန်သေတ္တာကားတို့ တိုက်မိရာ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ခေါင်စွတ်ထိုင်းသတင်းဌာနက ဖော်ပြထားသည်။
၎င်းကားတိုက်မှုသည် ယနေ့ ဧပြီ ၈ ရက် နံနက် ၅နာရီခန့်က ချွန်ဘူရီခရိုင်၊ မင်မြို့၊ နောင်ခမ့်ခေါ့ရွာ အုပ်စု ၇ ဖတ်ထရာ အဝင် အဝေး ပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ချွန်ဘူရီဆေးရုံ ကယ်ဆယ်ရေး အဖွဲ့မှ ကူညီကယ်ဆယ်ရေး လုပ်ခဲ့ ရကြောင်း သိရသည်။
ဘန်ကောက်မှ ကျန်ထဘူရီသို့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးဖို့သွားကြသည့် အဆိုပါအလုပ်သမား ၁၂ ဦးလိုက်ပါလာသော ဗင်ကားက ကုန်သေတ္တာကားကို နောက်မှဝင်တိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဗင်ကားထဲပိတ်မိနေသူများကို အပြင်သို့ကယ်ထုတ်ရန် နာရီဝက်ကြာအထိ ကြိုးစားထုတ်ခဲ့ရကြောင်း၊ သေဆုံးသူ အများစုမှာ မြန်မာအလုပ်သမားများဖြစ်ကြပြီး အသေးစိတ်အချက်အလက်ရဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။
တိုင်းတပါးတွင် အလုပ်လာလုပ်ရင်းဖြစ်ရသည့်အတွက် ၎င်းတို့ရသင့်ရထိုက်သည့်နစ်နာကြေ
‘’သူတို့တွေက အလုပ်ဆက်လုပ်ဖို့အတွက် ပန်းရောက်ကတ်ပေါ့နော် (Work Permit) သက်တမ်းသွားတိုး ကြရင်းကနေ ခုလိုဖြစ်ကြတာပေါ့၊ သေဆုံးတဲ့သူတွေလည်း သေဆုံးသွားပြီဆိုတော့ ကျန်ခဲ့တဲ့မိသားစု တွေအတွက် ရသင့်ရထိုင်တဲ့ နစ်နာကြေးရစေချင်တယ်။’’ ဟု ပြောသည်။
NN – 24
Photo ; Thai News