စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမြန်လမ်းတွင် အိမ်စီးကားစီးမီးလောင်မှုဖြစ်ပွားပြီးယာဉ်ပေါ်ပါလာသူ ၃ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၃

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် Honda Civic အမျိုးအစားအိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် အမျိုးသား ၃ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အမြန်လမ်းသတ်စခန်း (ပြင်စည်) မှသိရှိရသည်။

အဆိုပါ မီးလောင်မှုသည် ဧပြီလ ၁၀ ရက်နေ့ မနက် ၁၁ နာရီခွဲ ခန့်က ၃၂၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံးအကြားတွင် ကားစလစ်ဖြစ်ပြီး လမ်းဘေး ဘလောက် တုံးအား ဝင်တိုက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုကို အမြန်လမ်းမီးသတ်စခန်း (ပြင်စည်)မှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ် တပ်ဖွ့ဲဝင်များက သွားရောက်ကူညီ မီးငြိမ်းသတ်မှုများပြုလုပ်ပေးခဲ့ရကြောင်း သိရှိရသည်။

ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါလာသူ အမျိုးသား ၃ ဦးစလုံး အခင်းဖြစ်ပွားရာနေရာ၌ ပင် သေဆုံးခဲ့ပြီး သေဆုံးရုပ်အလောင်းများအား နွားထိုးကြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားခဲ့ကြောင်း အမြန်လမ်းမီးသတ် (ပြင်စည်)က ပြောသည်။

အမြန်လမ်းတွင် မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်မောင်းများ သတိထား မောင်းနှင်းကြရန်နှင့် သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်မှုများအား ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - မီးလောင်မှုဖြစ်ပွားခဲ့သည့် Honda Civic

ဆက်စပ် သတင်းများ