Preview

စစ်ရေးတင်းမာနေသည့် မြ၀တီမြို့နယ် မဲကနယ်ရွာကို စစ်တပ်က ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ဧပြီ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :7604
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဧပြီ ၁၁/၂၀၂၃

 

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ မဲကနယ်ရွာအနီးတဝိုက်ကို ဧပြီလ ၁၁ ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီတပ်၏ ဂျက်လေယာဉ် ၂စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

 

ဧပြီ ၄ရက်နေ့မှစပြီး မြ၀တီမြို့နယ် ရွှေကုက္ကိုမြို့သစ်၌ အခြေစိုက်ထားသည့် စစ်တပ်နှင့် နယ်ခြားစောင့် တပ် BGF စခန်းများကိုကရင်လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ ယနေ့အထိ နေ့စဉ်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိ၇သည်။

 

ယနေ့ နံနက် ရနာရီအချိန်ခန့်ကဖြစ်ပြီး လေယာဉ်အသံတွေကြား၇ပြီးနောက် ပေါက်ကွဲသံ ၁၀ ကြိမ်ခန့် အထိ ကြားလိုက်၇ကြောင်း အမည်မဖော်လိုသည့် မြ၀တီမြို့ခံတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

 

‘’မနက် ရနာရီကျော်လောက်မှာ ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးတွေလာကြဲသွားတယ်၊ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေက မဲကနယ်ရွာတဝိုက်ကို သိမ်းထားလိုက်တာလေ၊ စစ်တပ်ဖက်ကလည်း အရင်နေ့တွေက အထိ နာထားတော့ လေကြောင်းပစ်ကူနဲ့လာပစ်သွားတာပေါ့’’

 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဖက်အခြမ်း မဲဆောက်မြို့ပေါ်အထိ နံနက်ပိုင်းက ပေါက်ကွဲ အသံများကြား၇သလို အိမ်တွေပါတုန်ခါသွားကြောင်း မဲဆောက်မြို့ရောက် မြန်မာတစ်ချို့ကလည်း ပြောသည်။

 

ထိခိုက်ပျက်စီးဆုံးရှုံးမှု နောက်ဆုံးအခြေအနေတွေကိုတော့ မသိ၇သေးဘဲ တော်လှန်ရေးတပ်ဖွဲ့များဖက်မှ လည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

 

မဲကနယ်ရွာသည် ရွှေကုက္ကိုမြို့သစ်မှ ၁၀ မိုင်ခန့်ကွာဝေးကြောင်း၊ သင်္ဃန်းညီနောက်ဖက်ကိုထွက်သည့် နေရာဖြစ်ကြောင်း၊ ဧပြီလဆန်းပိုင်းကစပြီး ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများကြောင့် မြ၀တီမြို့နယ် အတွင်းက ဒေသခံတစ်သောင်းနီးပါးတို့သည် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့၇ပြီး၊ လက်ရှိ အချိန်အထိ မြ၀တီမြို့နယ်တစ်ဝိုက်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းလည် သိ၇သည်။

 

ထို့အပြင် ဧပြီ ရက်မှစပြီး ၂၁ ရက်နေ့အထိ မြ၀တီမှ ကော့ကရိတ်မြို့အထိ အာရှလမ်းမကြီးလမ်းပိုင်း ကို ဖြတ်သန်းသွားလာခြင်း လုံး၀ (လုံး၀) မလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်း အစည်းအဝေးဆုံး ဖြတ်ချက်အ၇ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ဧပြီ ရက်နေ့က ထုတ်ပြန်ထားသည်။ NN – 24

 

Photo:

ထိုင်းဖက်အခြမ်းရောက် စစ်ဘေးရှောင်ပြည်သူများ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.