Preview

ရန်ကုန်တမြို့လုံး တစ်နေ့ ၈ နာရီ လျှပ်စစ်မီးပြတ်တောက်မည်ဟု YESC ထုတ်ပြန်

ဧပြီ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :3011
ပြည်တွင်း သတင်း

နိရဥ္စရာ၊ ဧပြီ ၁၈/ ၂၀၂၃

ရန်ကုန်တမြို့လုံး တစ်နေ့ ၈ နာရီ လျှပ်စစ်မီးပြတ်တောက်မည်ဟု ရန်ကုန်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

 

လျှစ်ဓါတ်အား မလုံလောက်သည့်အတွက် ယခုကဲ့သို့ ဖြတ်တောက်ရန်ပြုလုပ်ရခြင်းဖြစ်ပြီးတစ်ရက် ၄ နာရီသာ ပြတ်တောက်ခဲ့သည့် ရန်ကုန်အနောက်ပိုင်းခရိုင်လည်း တစ်နေ့ ၈ နာရီ ဖြတ်တောက်ခံ၇မည် ဖြစ်ကြောင်းသိရှိ၇သည်။

 

အချိန်ပိုင်းဖြင့် လျှပ်စစ်မီးဖြတ်တောက် ဝန်အားလျော့ချမှုကို၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကတည်းကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးသတ်မှတ် ဖြတ်တောက်ချိန်ထက်ကျော်လွန်ဖြတ်တောက်ခံရသည့်မြို့နယ်များလည်းရှိကြောင်း စုံစမ်းသိရှိ၇သည်။

 

ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တောင်းပိုင်းခရိုင်များတွင် တစ်နေ့ ၂ကြိမ်တစ်ကြိမ်လျှင် ၄ နာရီနှုန်းဖြင့်တစ်နေ့ ၈ နာရီခန့် မီးဖြတ်တောက်မှု ပြုလုပ်ခဲ့ကြောင်း YESC ထံမှသိရှိ၇သည်။

 

ဖြတ်တောက်မှုအနေဖြင့် နံနက် ၅ နာရီ မှနံနက် ၉ နာရီ အထိ တစ်ဆိုင်း၊ နံနက် ၉ နာရီမှ နေ့လယ်၁ နာရီ အထိ တစ်ဆိုင်း၊ နေ့လယ် ၁ နာရီမှ ညနေ ၅ အထိ တစ်ဆိုင်းနှင့်ညနေ ၅ နာရီမှ ည ၉ နာရီ အထိ တစ်ဆိုင်းတို့ဖြင့် အလှည့်ကျဖြတ်တောက်မည်ဖြစ်ကြောင်းသိရှိ၇သည်။

 

 "ဘယ်လိုပဲ ဖြတ်ဖြတ်မီးလာတဲ့အချိန်မှန်ဖို့တော့တယ်။ သူများဆီကျ သဘာ၀ဓါတ်ငွေ့တွေ၊ရေနံတွေ ထုတ်ရောင်းနေပြီ ကိုယ့်ပြည်တွင်းက မီးမှန်အောင်မလုပ်နိုင်ကျဘူးလား။ဥာဏ်မမှီလို့လားတော့ မသိဘူးအဲ့လိုပဲ မြင်တယ်" ဟုအလုံမြို့နယ်တွင် နေထိုင်သူ ဆိုက္ကားသမား တစ်ဦးက ပြောသည်။

 

လျှပ်စစ်မီးရရှိမမှန်သည့်အတွက် လျှပ်စစ်အသုံးပြုလုပ်ကိုင်၇သည့် တနိုင်တပိုင်စီးပွားရေးလုပ်မှ လုပ်ငန်းကြီးများအထိ ထိခိုက်နစ်နာဆုံးရှုံးမှုများကြုံတွေ့နေကြရကြောင်း လုပ်ငန်းရှင် တချို့က ပြောသည်။

 

နှစ်စဥ် ယခုကဲ့သို့ အချိန်မျိုး၌ လျှပ်စစ်မီး ပြတ်တောက်မှုများရှိခဲ့သော်လည်း ယခု၂၀၂၃ ခုနှစ်သည် ဆိုးရွားဆုံးဖြစ်ကြောင်းကိုလည်းရန်ကုန်မြို့ နေထိုင်သူများက ကြုံတွေ့၇မှု ဖြစ်စဥ်များအပေါ်နှိုင်းယှဥ် ပြောဆိုကြသည်။

 

လှိုင်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီး တစ်ဦးက"ဖြတ်ချင်သလိုဖြတ် ပေးချင်သလိုပေးနေတာဆိုတော့ ဂရုလဲ စိုက်မနေတော့ဘူရှင့်၊ လျှောက်ကြေညာတာပဲရှိတယ်။လာချိန်ဖြတ်ချိန်လဲ မှန်တာမှ မဟုတ်တာ။ အခုပဲကြည့် ၁၅မိနစ်ခြား ပြတ်လိုက်ဘာလိုက်နဲ့ ထမင်းအိုးပစ်လိုက်၇ပြီ"ဟု ပြောသည်။

 

( NN - 25)

ပုံစာ - ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်နေမှု/Narinjara News

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.