Preview

ဘန်ကောက်မြို့အဝင်၌ ရွှေ့ပြောင်းမြန်မာလုပ်သား ၂၀ ကျော် အဖမ်းခံရ

ဧပြီ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :10475
ပြည်တွင်း သတင်း
နိရဉ္စရာ၊ ဧပြီ ၁၉ / ၂၀၂၃

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အဝင်လမ်းမကြီးပေါ်ယနေ့ နံနက်က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား၂၁ ဦး ဖမ်းဆီးခံ၇သည်ဟု ထိုင်းရုပ်သံသတင်းဌာန နံပါတ်ရှစ် တွင် သတင်းဖော်ပြသည်။

 

အယုဒ္ဓခရိုင်၊ ဘန်ပအင်မြို့ ချင်ရာ့နွဲကျေးရွာ၊ ဘန်ကောက် မြို့အဝင်ရဲတပ်ဖွဲ့ဂိတ်၌ ရွှေ့ပြောင်း မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်ကား၂ စီးကို ဧပြီ ၁၉ ရက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

 

ပထမကားတစ်စီးပေါ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀ ဦး၊ ဒုတိယတစ်စီးပေါ်တွင်၁၁ ဦး စုစု ပေါင်း ၂၁ ဦး တို့ကို ယာဉ်မောင်းနှစ်ဦးတို့နှင့်အတူ ဖမ်းမိသည်ဟု ဆိုသည်။

 

‘’မြန်မာတွေကတော့ ထိုင်းနိုင်ငံထဲမှာ အလုပ်ပေါတယ်၊ ဘယ်လိုနည်းလမ်းနဲ့ပဲဝင်ရဝင်ရ အလုပ်ရဖို့၊ မိ သားစု စားဝတ်နေရေးအဓိကဖြစ်လို့ ဝင်လာနေကြတာပဲ၊ တရားမဝင်နည်းနဲ့ဆိုတော့အဖမ်းခံရပြီ၊ ခရီး စားရိတ်တွေလည်း ဆုံး ငွေကုန်ပြီး အခက်အခဲတွေကြုံကြ၇တယ်’’ ဟုရွှေ့ပြောင်းမြန်မာအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

အဆိုပါရွှေ့ပြောင်းမြန်မာအလုပ်သမားများကို တာခ်ခရိုင်မှ ဘန်ကောက်မြို့အနီးရှိပထုမ်ဌာနီခရိုင်သို့ ပို့ဆောင်၇န် ခေါ်ဆောင်လာခြင်းဖြစ်ပြီး  ပို့ဆောင်ခအတွက် အလုပ်သမားတစ်ဦးလျှင်ဘတ် ၁,၀၀၀ ၇ရှိကြောင်း ယာဉ်မောင်းနှစ်ဦးက ထွက်ဆိုကြောင်းလည်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

 

လက်ရှိဧပြီလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားစုစုပေါင်း ၁၀၀ နီးပါး ဖမ်းဆီးခံထား၇ကြောင်းထိုင်းသတင်းဌာနများတွင် ဖော်ပြချက်များကို ပြုစုထားသည့် စာရင်းများအရ သိ၇သည်။ NN – 24

 

Photo ; Thai News

#မြန်မာ#ထိုင်း#အလုပ်သမား#အဖမ်းအဆီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.