တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် ကားတစ်စီးချောင်းထဲထိုးကျရာမှ ၃ ဦးသေဆုံး ၂၁ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.2k

နိရဥ္စရာ၊ ဧပြီ ၂၁/ ၂၀၂၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအနီး၊ နမ့်လုံချောင်းထဲသို့  ကားတစ်စီး ထိုးကျ တိမ်းမှောက်ရာမှ  ယာဥ်ပေါ်လိုက်ပါလာကြသူများထဲမှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

 

၎င်းကားမှာ  Toyota Hiace အမျိုးစားဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းက မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ထံမှ တစ်ဆင့် သိရှိရသည်။

 

အဆိုပါကားလမ်းပေါ်ရှိ ိုင်တိုင်အမှတ်(၆၈၈)နှင့် (၆၈၉)ကြားတွင် ယာဥ်သည် အရှိန်မထိန်းနိုင်သည့် အတွက် လမ်းဝဲဘက်ခြမ်း(ဘယ်ဘက်)ရှိ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

ယာဥ်တိမ်းမှောက်ရာသို့ မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းတို့မှ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြရကြောင်း သိရှိရသည်။

 

ယာဥ် ပေါ်ပါလာသည့် အမျိုးသား (၁၂) ဦးနှင့် အမျိုးသမီး (၉) ဦးတို့သည် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)များရရှိခဲ့ပြီး မြို့နယ်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်များဖြင့် မိုင်းဖြတ်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်းကိုလည်း မီးသတ်တပ်ဖွဲ့က ပြောသည်။

 

သေဆုံး ရုပ်အလောင်းများကိုလည်း မိုင်းဖြတ်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆာင်ထားခဲ့ကြောင်း သိရှိရသည်။ (NN - 25) ဓါတ်ပုံ - တိမ်းမှောက်ယာဥ်အား ကူညီကယ်ဆယ်နေမှု (MFSD)

ဆက်စပ် သတင်းများ