(အကယ်ဒမီဆုရရှိထားပြီးသူများအား ရွှေသားအစစ်၇င်ထိုးချီးမြှင့်မည်ဟုဆိုကာ ဖိတ်စာတွင်ရေး၍ မက်လုံးပေး)
နိရဉ္စရာ၊ဧပြီ ၂၃/ ၂၀၂၃
စစ်ကောင်စီက၂၀၁၉-၂၀၂၀-၂၀၂၂ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို မေလ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ပြီး အကယ်ဒမီ ဆုရရှိထားပြီးသူများအား ရွှေသားအစစ် ရင်ထိုးပေးအပ်မည် ဖြစ်ကြောင်း ဖိတ်စာထဲတွင် ရေးသား၍ မက်လုံးပေးဖိတ်ကြားနေသည်ဟု ရုပ်ရှင် အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခမ်းအနားတက်ရောက်လာမယ့် အကယ်ဒမီရရှိပြီးသောအနုပညာရှင်၊ အတတ်ပညာရှင်တွေကို မြန်မာ့ရုပ်ရှင်အစည်းအရုံးက ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီပုံ ရွှေရင်ထိုးတွေကို ပေးအပ်ချီးမြှင့်သွားမယ်။ချီးမြှင့်တဲ့နေရာမှာလည်း Red Carpet ရွှေရင်ထိုးအခန်းတွင်ပေးအပ်ချီးမြှင့်သွားမယ်ဆိုပြီး ဖိတ်စာထဲမှာတစ်ခါတည်း ရေးပြီးပါလာတယ်။ အကယ်ဒမီ ရရှိပြီးသားသူတွေကို တက်ရောက်ဖို့ မက်လုံးပေးတဲ့အနေအထားမျိုးလို့တော့ ယူဆလို့ ၇တာပါပေါ့”ဟု ၎င်းပြောဆိုသည်။
အကယ်ဒီမီဆုပေးပွဲကိုနေပြည်တော်တွင် ပထမဆုံးအကြိမ်ဆုံးအကြိမ်အဖြစ်ကျင်းပမည်ဖြစ်ပြီး မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိ၇သည်။
ကိုဗစ်၁၉ ကြောင့် အကယ်ဒမီဆုပေးပွဲကို ၂၀၁၉ ခုနှစ်ကတည်းက ရပ်နားထားခဲ့တာဖြစ်ပြီးယခု ကျင်းပပြုလုပ်မည့် ဆုပေးပွဲသည် ၂၀၁၉-၂၀၂၀-၂၀၂၂ ခုနှစ် ၃ နှစ်စာအတွက် ရွေးချယ်ပေးအပ်ရန် ပြုလုပ်ထားခြားဖြစ်ကြောင်း သိရှိ၇သည်။
စစ်ကောင်စီကနေကျင်းပပြုမည့် အကယ်ဒမီပေးပွဲအား စည်းကားစေရန်အတွက် အနုပညာရှင်၊အတတ်ပညာရှင်များအား အခမ်းအနားသို့ တက်ရောက်ရန်ဖိအားပေး တက်စေခိုင်းမှုများပြုလုပ် နေကြောင်းကိုလည်းအနုပညာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိ ၇သည်။
“သူတို့ပွဲစည်းကားတယ်ဆိုတာကို ပြချင်တော့ ဒီမှာရှိနေတဲ့ အနုပညာရှင်တွေကို ဖိအားပေးတာတွေ ရှိတယ်။ခံဝန်နဲ့လွတ်ထားတဲ့ အနုပညာရှင်သမားတွေလဲ ပါတာပေါ့”ဟု အနုပညာရှင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပပြုလုပ်ခဲ့ပြီးသည့် အချိန်မှစ၍ လက်ရှိ၂၀၁၈ ခုနှစ်အထိ အကယ်ဒမီဆုရ ဦးရေ ၁၂၀ ခန့်ရှိကြောင်း ရုပ်ရှင်အစည်းအရုံးမှသိရှိ၇သည်။
(NN– 25) ဓာတ်ပုံ- အရပ်သာအစိုး၇လက်ထပ် ၂၀၁၂ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် အကယ်ဒမီဆုပေးပွဲ