Preview

ရန်ကုန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်

မေ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :847
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မေ / ၂၀၂၃

 

မြန်မာနိုင်ငံတွင် Covid 19 ကြောင့် လူပေါင်း ၂သောင်းနီးပါးသေဆုံးခဲ့ရသည်ဖြစ်ရာ ပြီးခဲ့သည့် ဧပြီ ၂၈ နှင့် ၂၉ ရက်နေ့များက ရန်ကုန်တိုင်းအတွင်း Covid 19 ရောဂါကြောင့် နောက်ထပ် သေဆုံးသူ ၂ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အ၇ သိ၇သည်။

 

ဧပြီလဆန်းပိုင်းမှစတင်ကာ Covid 19 ရောဂါတကြော့ပြန်ဖြစ်ပွားနေပြီး ကူးစက်မှုပြန်လည်မြင့်တက် လာပြီးနောက် ယခုသေဆုံးမှုသည် ပထမဆုံးဖြစ်ကြောင်း၊ ၎င်းတို့မှာ ရန်ကုန်တိုင်း လသာနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များမှ ဖြစ်ကြောင်း သိ၇သည်။

 

ကာကွယ်ဆေးများထိုးထားပြီးပါက Covid 19 ရောဂါကူးစက်ခံ၇မှုကို အထိုက်အလျောက် ကာကွယ်ထား နိုင်မှာဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက ပြောသည်။

 

ဧပြီ ၂၈ ရက်က ဓာတ်ခွဲနမူနာ ,၆၆၂ ခု တွင်ဓာတ်ခွဲအတည်ပြုလူနာသစ် ရ၇ ဦး တွေ့ခဲ့ပြီး ပိုးတွေ့လူ နာတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင်လည်း ဓာတ်ခွဲနမူနာ ၁၁,၄၁၇ ခု တွင်ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၀ ဦး တွေ့ရှိ၇ပြီး ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

 

Covid 19 ရောဂါနှင့် အတူယှဉ်တွဲပြီး (Living withCOVID) ဖြင့် နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ်နည်း လမ်းများကိုလည်း လိုက်နာကြဖို့ သတိပေးထုတ်ပြန်ထားသည်။

 

နေထိုင်မှုပုံစံအသစ်များမှာ -

၁။ အသက် နှစ်အထက်အားလုံး ကာကွယ်ဆေးများကို နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ညွှန်ကြားထားသည့်အတိုင်း မပျက်မကွက် ထိုးနှံကြရန်၊

၂။ အလုံပိတ်အခန်းများ၊ လူထူထပ်သည့်နေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ ရှိနေ စဉ် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ထားကြရန်၊

၃။ လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လဂိုဟော (အနည်းဆုံး ၆၀ ၇ခိုင်နှုန်း) ပါဝင်သော လက်သန့် ဆေးရေဖြင့် စက္ကန့် ၂၀ကြာ မကြခဏဆေးကြောရန်၊

၄။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊

၅။ တတ်နိုင်သလောက် လူစုလူဝေးရှောင်ကြဉ်ရန် အစရှိသဖြင့် ထုတ်ပြန်ထားသည်။

ကမ္ဘာအနှံ့ကူးစက်မြန်သည့် နောက်ဆုံးပေါ် XBB.1.16. ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ယခုအခါ နိုင်ငံပေါင်း ၂၂ နိုင်ငံအထိကူးစက်နေကြောင်းလည်း သိ၇သည်။

NN – 24

Photo :  Internet

--------------

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.