တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦး အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 733

နိရဉ္စရာ၊ မေ ၁၀ / ၂၀၂၃

ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲတွင် မေလ ၇ ရက်နှင့် ၈ ရက်နေ့များက တရားမဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၀ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအထူးတပ်ဖွဲ့သတင်းဌာန ဖော်ပြချက်အရ သိရသည်။

မေလ ၇ရက်က ရနောင်းခရိုင်၊ ကပဲန်မြို့၊ မွန့်ကလွန်ရွာ အုပ်စု ၃၊ ထာ့ရန်ခေ့လေဆိပ်အနီး၌ မြန်မာရွှေ့ ပြောင်းအလုပ်သမား ကျား ၃၊ မ ၃၊ ပေါင်း ၆ဦးတို့သည် ၎င်းတို့ကိုလမ်းပြလုပ်ပေးနေသည့် ထိုင်းအမျိုးသား ၁ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအလုပ်သမားများကို စုရတ်ထာနီခရိုင်သို့ တစ်ဦးလျှင် ဘတ် ၃၀၀၀၀ နှုန်းဖြင့် ပွဲစားတစ်ဦးက ဆက်သွယ်လာသည့်အတွက် ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း လမ်းပြပေးသည့် ထိုင်းအမျိုးသား၏ ထွက် ဆိုချက်အရ သိရသည်။

မေလ ၈ရက်နေ့တွင်လည်း ရနောင်းခရိုင်၊ ကရဘူရီမြို့၊ ကျောပေါရော်ရွာ၊ နမ်းခေါင်ရပ်ကွက် အုပ်စု ၆ ဆွယ်ဟင်ငမ်လမ်းရှိ စစ်ဆေးရေးဂိတ်တွင် ကားတစ်စီးကို ထိုင်းအာဏာပိုင်များက စစ်ဆေးခဲ့ရာ တရား မဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ဦး ကိုလည်းကောင်း၊ ရနောင်းခရိုင် ကရဘူရီမြို့ ပါက်ကျန်ကျေးရွာ အုပ်စု ၂တွင် လိုင်းကားတစ်စီးပေါ်၌ တရားမဝင် မြန်မာအလုပ်သမား ကျား ၁၊ မ ၁ဦးတို့ကို လည်းကောင်း ဖမ်းဆီးမိကြောင်း ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးနေသည့်အတွက် ထိုင်းနိုင်ငံ ထဲမှာအလုပ်လာရှာရင်း ဒုက္ခတွေကြုံနေရကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီပေးနေ သူတစ်ဦးက ပြောသည်။

‘’ပြည်တွင်းမှာ အလုပ်အကိုင်ရှားလို့ ဒုက္ခရောက်နေရတဲ့ကြားထဲ ခုလိုထိုင်းနိုင်ငံထဲကို အလုပ်လာရှာပါ တယ်ဆိုမှ ဒုက္ခတွေထပ်ကြုံနေကြရတယ်၊ မိသားစုစားဝတ်နေရေးအဓိကဖြစ်လို့ အကြွေးတင်ပြီး စွန့်စား လာနေကြတာပဲ၊ တရားမဝင်နည်းနဲ့ဆိုတော့ အဖမ်းခံရပြီး လမ်းခရီးစားရိတ်တွေဆုံး ငွေကုန်ပြီး အကြွေး တောင်ပြန်ဆပ်ဖို့ မလွယ်တော့တဲ့ အခြေအနေမှာ ဒုက္ခပေါင်းစုံနဲ့ ကြုံကြရတယ်’’

ပြီးခဲ့သည့် မေလ ၅ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ဦး တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲများက စစ်ဆေးဖို့ရပ်တန့်ခိုင်းစဉ် ရပ်တန့်မပေးဘဲ ထွက်ပြေးရာကနေ ကားမှောက်ပြီး မြန်မာ အလုပ်သမား ၂ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ NN – 24

Photo  :  Thai News

ဆက်စပ် သတင်းများ