Preview

ကလောတွင် မိုးရွာသွန်းမှုကြောင့် ရွှေတူးဖော်ရေးလုပ်သားများ၏ ယာယီတဲအိမ် (၇၀) ကျော် ရေနစ်မြှုပ်

မေ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :973
ပြည်တွင်း သတင်း

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာတွင် မေလ ၁၁ ရက်နေ့ မနက်ပိုင်းက မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ကလောနှင့် သာစည်ကြားရှိ နယ်ခြားချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိ၇သည်။


၎င်းချောင်းရေလျှံမှုကြောင့် ရွှေတူးဖော်ရေးလုပ်ကိုင်သည့် လုပ်သားများ၏ ယာယီတဲအိမ် (၇၃)လုံး ရေနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံက သိရှိ၇သည်။

 

ရေနစ်မြှုပ်နေအိမ်များကိုကူညီကယ်ဆယ်မှုများအနေဖြင့် ကလောမီးသတ်တပ်ဖွဲ့နှင့်သက်ဆိုင်ရာ အဖွဲ့အစည်း တွေက သွားရောက်ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြောင်းသိရှိ၇သည်။

 

လက်ရှိအချိန်ထိ သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုမတွေ့ရှိ၇ကြောင်းကိုလည်း ဒေသခံများ၏ပြောပြချက်အရ သိရှိ၇သည်။

 

မိုခါမုန်တိုင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်တိုက်ခတ်ရန်ရှိနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ဒေသတချို့တွင် မိုးရွာသွန်း မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိ၇သည်။

 

မုန်တိုင်းသည်ပင်လယ်ကမ်းခြေဒေသများဖြစ်သည့် ၇ခိုင်ပြည်နယ်အတွင်း အဓိကဝင်ရောက်နိုင်ပြီးဧရာ၀တီ တိုင်းဒေသကြီး မြစ်၀ကျွန်းပေါ်ဒေသများအထိပါ ထိခိုက်ပျက်စီးမှုများကြုံတွေ့လာနိုင်ကြောင်း မိုးဇလ ပညာရှင် များ၏ ပြောဆိုချက်များအရသိရှိ၇သည်။ (NN – 25) ဓာတ်ပုံ - ရေနစ်မြှုပ် တဲအိမ်များအားကူညီဆောင်ရွက်ပေးနေမှု (MFSD)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.