Preview

ရန်ကုန် ကန်တစ်ခုအတွင်းမွေးမြူထားသည့် အလှမွေး ငါးကောင်ရေ ၅၀၀၀ ကျော် သေဆုံးမှု ဖြစ်ပွား

မေ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1029
ပြည်တွင်း သတင်း

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့ထဲရှိနိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း အမွေးမြူထားသည့်အလှမွေး ငါး အကောင်ရေ၅၀၀၀ ကျော်သည် ယနေ့ မေလ၂၂ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း နိဗ္ဗာန်ချမ်းသာ မင်္ဂလာနာရေးကူညီမှုအသင်းထံမှ သိရှိ၇သည်။


လူအများ စိတ်အပန်းဖြေကြည်နူးစရာနေရာ၊ရွှေငါးလေးတွေ သိန်းချီရှိနေတဲ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာ ကန်လေးဟာ ဒီနေ့မှာအဆိပ်ချခံ၇လို့ ကန်ထဲက ငါးတွေအကုန် သေဆုံးခဲ့၇ပါတယ် ရေပေါ်မှာရော ရေအောက်မှာရော သေနေကြတာလေဟုတိုက်ကြီး ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

ကန်အတွင်း သေဆုံးငါများကိုဆယ်ယူရာတွင် Light Truck ကား(၄)စီးခန့်မျှ ရရှိပြီး ငါးများ၏ တန်ဖိုးအနေဖြင့် ကျပ်သိန်းရာချီ တန်ဖိုးရှိကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါကန်သည်သဘာ၀ ရွှေငါးကြင်းကန်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်သည့်နေရာဖြစ်ကြောင်း သိရှိ၇သည်။

 

လူပြောများနေသလို အဆိပ်ခတ်တာလည်း ဖြစ်နိုင်သလို၊အောက်ဆီဂျင်ပျက်ပြီး သေတာမျိုးလည်း ဖြစ်နိုင်သလားလို့လေ။ ဒါပေမယ့်ဒီလောက်များကြီး တစ်ချိန်တည်း သေတာဆိုတော့ အဆိပ်ခတ်တာမျိုးလို့ပိုထင်ပါတယ်ဟုဒေသခံ ဦးအောင်ထူးလွင်က မှတ်ချက်ပေးသည်။

 

သေဆုံးများကိုအသင်းမှ မြို့နယ် သုဿာန်သို့ သယ်ဆောင်ကာ မြေမြှုပ် ပေးခဲ့ကြောင်းကိုလည်းသိရှိ၇သည်။ (NN – 25)

 

ဓာတ်ပုံ- ကန်အတွင်း သေဆုံး အလှမွေးငါးများ (အင်တာနက်)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.