Preview

ရှမ်းမြောက်တွင် လူသတ်မှုနှင့်ပြန်ပေးဆွဲမှုကျူးလွန်သူ (၂)ဦးကို ကိုးကန့်တပ်က ထပ်မံသေဒဏ်ပေး

မေ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :997
ပြည်တွင်း သတင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်အတွင်းက လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများအား ကျူးလွန်ခဲ့သူ (၂)ဦးကို ကိုးကန့်တပ် (MNDAA)ကမေလ ၂၀ ရက်နေ့က အများပြည်သူရှေ့မှောက်တွင်သေဒဏ်ပေးစီရင်ခဲ့ကြောင်း The Kokang သတင်း ဖော်ပြချက်အရသိရှိ၇သည်။

သေဒဏ်ပေးခံ၇သူ(၂)ဦးသည် ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့က ကွတ်ခိုင်မြို့က အသက် (၈)နှစ်အရွယ်ကလေးငယ် တစ်ဦးအား ပြန်ပေးဆွဲကာ မိသားစုထံမှ တရုတ်ယွမ် (၅)သိန်းတောင်းခံခဲ့ကြောင်း တောင်းခံငွေကြေး၏ တစ်ဝက်မျှသာ မိသားစုပေးနိုင်ခဲ့သည့်အတွက်ကလေးငယ်အား သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်မှုကို ၎င်းတို့ နှစ်ဦးက စစ်ဆေးစဉ် ထွက်ဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

 

၎င်းကျူးလွန်သူ ၂ ဦးအား ၂၀၂၂ ခုနှစ် မတ်လ ၂၅ရက်နေ့တွင် ကား (၂)စီးအပါဝင် တရုတ် ငွေကြေးများနှင့်အတူ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီး၇မိခဲ့သည်ဟု  သိရှိ၇သည်။

 

 ပြန်ပေးဆွဲသတ်ခံခဲ့ရသည့်ကလေးမိသားစုများထံသို့လည်း ဖမ်းဆီး၇မိသူများထံက သိမ်းဆည်း၇မိသည့် ငွေကြေးများ ပြန်လည်ပေးအပ်ခဲ့ကြောင်းကိုလည်း သတင်းဖော်ပြထားမှုအ၇ သိရှိ၇သည်။

 

၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့ကလည်းလားရှိုးဒေသအတွင်း ပြန်ပေးဆွဲ၊ ငွေညှစ်၊ လုယက်မှု ကျူးလွန်သူ(၄) ဦးကို အများပြည်သူရှေ့မှောက်တွင် သေဒဏ်ပေးတရားစီရင်မှုပြုလုပ်ခဲ့သေးသည်။

 

(NN– 25) ဓာတ်ပုံ- သေဒဏ်ပေးခံ၇သူများ (The Kokang)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.