- Web Master
- ၂၅ စက်တင်ဘာ ၂၀၂၃
KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်းသို့ နယ်မြေကျူးကျော်ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့် (BGF)အဖွဲ့ဝင် ၅ဦး ရှင်းလင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNLA အမှတ် (၅)က မေလ ၂၈ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သည်။
အဆိုပါ BGF အဖွဲ့ဝင် ၅ ဦးသည် မေလ ၂၆ ရက်နေ့က နံနက် ၆ နာရီလောက်က ဝါးဒူးနှင့် လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင် အနီး တစ်နေရာ၌ လမ်းကင်းယူနေခဲ့ကြောင်း သိရှိရသည်။
ထိုအချိန်
KNLA အမှတ်
(၅) တပ်မဟာ၏ ဌာနချုပ်က
ရဲဘော်များနှင့် ၎င်းလက်အောက်ရှိ တပ်ရင်း (၁၀၂) တို့ က ရဲဘော်များဖြင့် BGF
အဖွဲ့ဝင်များကို
သွားရောက်တိုက်ခိုက်ရှင်းလင်းခဲ့
တိုက်ခိုက်မှုကြောင့် သေဆုံး
BGF အဖွဲ့ဝင်များထံမှ
M 16 AR (၄)လက်၊
M 79 လောက်ချာ
(၁)လက်၊ 9 MM ပစ်စတို
(၁)လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိ
ထိုအပြင် M 16 AR ကျည် (၃၂၀)တောင့်၊ M 79 လောက်ချာကျည် (၁၇)လုံးတို့နှင့် စစ်ဝတ်တန်ဆာ (၄)စုံ၊ M 16 AR ကျည်ဘောက် (၄)ခု၊ စကားပြောစက် (၁)လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် ပြောဆို ထားသည်။ (NN – 25)
ဓာတ်ပုံ - သေဆုံး သွားသည့် BGF အဖွဲ့ထံက သိမ်ဆည်းရမိသော လက်နက်ခဲယမ်းများ