တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦး အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 708


ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ တရားမဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ဦးကို ထိုင်းအာဏာပိုင်များက မေလ ၂၈ရက် မနေ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းမီဒီယာတစ်ခုဖြစ် သည့် CH7HD သတင်းဌာနမှ ဖော်ပြထားသည်။

မေလ ၂၈ရက် နံနက် ၈ နာရီခွဲခန့်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ကန်ချနဘူရီခရိုင်၊ စိုင်ယို့မြို့၊ စင်ကျေးရွာအနီးရှိ ဘန်ကောက်မြို့ဆီသို့ ဆက်သွယ် ထားသည့် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂၃) တွင် ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့်ကား ကို ရပ်တန့်စစ်ဆေးရာမှ တရားမဝင်မြန်မာနိုင်ငံသား ၁၇ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းယာဉ်မောင်း၏ ထွက်ဆိုချက်အရ အဆိုပါမြန်မာနိုင်ငံသားများကို ကန်ချနဘူရီခရိုင်၊ ထောဖာဖူမြို့၊  ထာ့ခနွန်ကျေးရွာ မူဘန့်အူလော့အနီးမှ တင်ဆောင်လာကြောင်းနှင့် သယ်ယူပို့ဆောင်ခ ဘတ် ၃၀၀၀ ရ ကြောင်း၊ ယခုလို တရားမဝင်မြန်မာနိုင်ငံသားများကို သယ်ယူပို့ဆောင်ပေးနေသည်မှာ ၃ ကြိမ်မြောက် ရှိ ပြီဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဘန်ကောက်မြို့ဆီသို့ သွားရောက်အလုပ် လုပ်ကိုင်ဖို့ ဖြစ်ကြပြီး ၎င်းတို့ကို ပွဲစားက တောလမ်းကနေ စံခလဘူရီမြို့သို့ ခြေလျှင်ဖြင့် ခေါ်လာခြင်းဖြစ်ကြောင်း၊ ပွဲစားခ အဖြစ် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ပေးရမည်ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

မြန်မာပြည်ထဲ၌ အလုပ်လက်မဲ့များ တစ်နေ့ထက် တစ်နေ့ ပေါလာသည့်အတွက် ထိုင်းနိုင်ငံဖက်သို့ မြန်မာနိုင်ငံသားများ ထပ်မံ ရောက်ရှိလာှာဖြစ်ကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေ ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးနှင့် ထိုင်းယာဉ်မောင်းအားလုံးတို့ကို ထိုင်းနိုင် ငံ၏ တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် စိုင်ယို့ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

NN – 24

ဆက်စပ် သတင်းများ