(စကစ လေကြောင်းပစ်ကူမှုကြောင့် ဘုန်းကြီး ၂ ပါး အပါအဝင် ၄ ဦးသေဆုံး)
ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့က ခလ၇ ၂၈၄တပ်ရင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၀၀: ၃၀နာရီအချိန်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့၇ကြောင်း စုံစမ်းသိရှိ၇သည်။
“မနက်အစောညဉ့်နက်ပိုင်းကပေါ့။ ဒီကနေ့ ဇွန် ၂ ရက်နေ့ ညဉ့်၁၂ နာရီအကျော်လောက်နေ မနက် ၄ နာရီလောက် အချိန်အတွင်းမှာ ဒရုန်းနဲ့ ဗုံး ၆ လုံးလာကြဲတာပေါ့။ ထိခိုက်မှုတော့ မရှိလိုက်ပါဘူး။ ပျက်စီးမှုတော့ ရှိတာပေါ့” ဟု တပ်တွင်းသတင်းအရင်းအမြစ် တစ်ဦးကပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် နံနက်ပိုင်း ၅ နာရီကျော်ခန့်တွင် အမှတ်(၅)ရပ်ကွက်ထဲက ကြာအင်းဆိပ်ကြီးခရိုင်ရဲစခန်းနှင့်အမှတ် (၆)ရပ်ထဲ ရှိ စ၇တ စု - ၄ ရုံး၊ ခရိုင်စီမံရုံး၊ လ၀ကရုံး၊ သစ်တောရုံးနှင့်မြေစာရင်းရုံးများသို့ KNLA နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များကဝင်ရောက်တိုက်ခိုက်မှုများပြုလု
"မနက်က အပြန်အလှန် ပစ်တာ မနိုင်တော့ စကစဘက်ကလက်နက်ကြီးဗျူဟာကုန်းကနေ ပစ်ကူတာသိ၇တယ်။ ရပ်ကွက်ဘက်ထဲပစ်တာဆိုတော့ ပြည်သူကို ထိကုန်တာပေါ့"ဟု အမှတ် ၅ ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် (၆) ရပ်ကွက်ထဲ၌ ကမ်းနားဘုန်းကြီးကျောင်းမှ ဘုန်ကြီးနှစ်ပါး၊ အရပ်သား ၂ဦးနှင့် အမှတ်(၃)ရပ်ကွက်အတွင်းက အသက် ၁၅ အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်းသိရှိ၇သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအခြေချစစ်ဗျူဟာနှင့် တပ်ဌာနချုပ်များမှ လက်နက်ကြီးလက်နက်ငယ်များ နှင့် MI 35 တိုက်ခိုက်ရေး၇ဟတ်ယာဉ်၁ စီးတို့ဖြင့် ပစ်ကူမှုများပြုလုပ်ပေးခဲ့ကြော
၎င်းပြင် ခြေထောက်ပြတ်၁ ဦး (စိုးရိမ်၇)၊လက်တဖက်ပြတ်နှင့် ဗိုက်ပွင့် ၁ ဦး (စိုးရိမ်၇)နှင့် အခြားဒဏ်ရာ၇ ၂ ဦး - စုစုပေါင်း ၄ ဦးကိုပြည်သူတစ်ဦး၏ ကားပေါ်တင်ပြီး အကြမ်းဖက်သမားကခေါ်ဆောင်ဆုတ်ခွာသွားကြောင်း ရေးသားထားသည်။ (NN – 25)
ဓာတ်ပုံ- တိုက်ခိုက်မှုများအကြား ထိခိုက်၊ သေဆုံးခဲ့မှုများ