English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မအူပင်မြို့တွင် ငလျင်လှုပ်ခတ်၍ သီလရှင်တစ်ပါးနှင့် ယောဂီတစ်ဦးတို့ အဆောက်အအုံပိ၍ သေဆုံး
ဇွန် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :608
ပြည်တွင်း သတင်း
ယနေ့ (ဇွန်လ ရ ရက်) ညနေ ၄ နာရီ ခွဲ ဝန်းကျင်အချိန်ခန့်က ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧရာ၀တီတိုင်း၊ မအူပင်မြို့၊ မိုးကုတ်ဝိပဿနာအဖွဲ့ ခွဲရှိ အဆောက်အအုံတချို့ ပြိုပျက်ပျက်စီးခဲ့ပြီး သီလရှင်တစ်ပါးနှင့် ယောဂီ တစ်ဦးတို့ ပြိုကျအဆောက်အအုံပိ၍ သေဆုံးသွားခဲ့ကြောင်း သိရှိ၇သည်။
“မိုးကုတ်ဝိကဿနာ အဖွဲ့ခွဲ (၄၄)က အဆောက်အအုံတချို့ ငလျင်လှုပ်တော့ ပြိုကျတယ်။ ပြိုကျတော့ သေဆုံးမှု ရှိခဲ့တယ်။ အခုတော့ သေဆုံးတဲ့ သီလရှင်နဲ့ ယောဂီတို့ကို လူမှုကူညီရေးအသင်းက ကူညီပြီးဆေးရုံပို့ဆောင် ပေးထားခဲ့တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သေဆုံးသွားသူ ၂ ဦးမှာ အသက် (၆၀)နှစ်အရွယ် သီလရှင်တစ်ပါးနှင့် ယောဂီ (၁) ဦးတို့ဖြစ်ကြပြီး မအူပင်မြို့ ရွှေဘုန်းမြင့်ဘုရားကြီးဝင်းအတွင်းရှိ မိုးကုတ် ဝိပဿနာ တရားစခန်းကို ဝတ္ထုပစ္စည်းများ သွားလှူစဉ် ယခုလို ဖြစ်ရပ်ဆိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း လူမှုကူညီရေးအသင်းထံက သိရှိ၇သည်။
ငလျင်လှုပ်ခတ်မှုသည် ညနေ ၄ နာရီ ၂၃ မိနစ် ၅၁ စက္ကန့်အချိန်၌ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက် - အနောက် မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့၏ တောင် - အရှေ့တောင် ၅ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရှိ၇သည်။
ငလျင်လှုပ်ခတ်မှုမှာ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့် ရှိခဲ့ပြီး ဧရာ၀တီတိုင်းအတွင်းက ညောင်တုန်း၊ ဘိုကလေး၊ ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ မြို့နယ်တို့က ဒေသခံများ ငလျင်လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုမှုများအရ သိရှိ၇သည်။
ထိုအပြင် ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတနှင့် အခြား မြို့များတွင်လည်း သိသိသာသာ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုကြသည်။
အဆိုပါ ငလျင်ကြောင့် မအူပင်မြို့ပေါ်က ရွှေဘုန်းမြင့်စေတီထီးတော်လည်း ယိုင်လဲ ပျက်စီးခဲ့ပြီး မအူပင် တက္ကသိုလ်အဆောက်အအုံ တချို့လည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိ၇သည်။ (NN – 25)
ပုံစာ- ငလျင်ကြောင့် ပျက်စီးခဲ့မှုနှင့် သေဆုံးခဲ့မှု/ ဓာတ်ပုံ-အင်တာနက်
#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.