တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ပင်လယ်ထဲနစ်မြုပ်ခဲ့သည့် ထိုင်းငါးဖမ်းလှေပေါ်က မြန်မာ ၃ဦးနှင့် ထိုင်းပဲ့နင်းတို့ကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 826

ထိုင်းနိုင်ငံပင်လယ်ထဲ၌ ဇွန်လ ၈ရက်နေ့က နစ်မြုပ်ခဲ့သည့် ထိုင်းငါးဖမ်းလှေပေါ်က  မြန်မာနိုင်ငံသား ရေလုပ်သား ၃ဦးနှင့် ထိုင်းပဲနင့်တို့ကို တကွဲတပြားစီဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းရတ်သတင်းဌာနက ဖော်ပြထားသည်။

 

ထိုင်းပဲ့နင်းဖြစ်သူ နိုင်ပို့ ဆိုသူနှင့် မြန်မာရေလုပ်သား ဦးတို့သည် ဘန့်လဲမ်ရေဆိပ်မှ ဇွန်လ ၈ရက် မနက်ပိုင်းတွင်ငါးဖမ်းလှေနှင့်အတူ ဖေ့ချ်ဘူရီခရိုင်၊ ဘန့်လဲမ်ပင်ပင်လယ်ထဲသို့ ငါးဖမ်းရန် ထွက်လာကြပြီးနောက်  ၎င်းနေ့ မွန်းတည့်ချိန်၌ ငါးဖမ်းလှေ ပင်လယ်ထဲလှေနစ်မြုပ်ခဲ့ရာ လှေပေါ်ပါလာသူအားလုံး ပင်လယ်ရေစီးအတိုင်း တစ်ယောက် တစ်နေရာစီ မျောပါသွားခဲ့သည်ဟု သိရသည်။

 

အဆိုပါနေ့ ၉နာရီအချိန်ခန့်တွင် ဘန်ကယောက်ဝ်မြို့ ကမ်းခြေနှင့် ၆ကီလိုမီတာ အကွာအဝေးတွင်ရှိ သည့် ကမ်းလွန်သဘာဝဓါတ်ငွေ့တူးဖော်နေသည့် လုပ်ကွက်တစ်နေရာသို့ မြန်မာရေလုပ်သားတစ်ဦး ရေစီးနှင့် အတူမျောပါသွားရာ ယင်းသဘာ၀ဓာတ်ငွေ့ လုပ်ကွက်နေရာမှ တာဝန်ရှိသူများက ကယ်ဆယ် ထားပြီး ဘန့်လဲမ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

 

အဆိုပါမြန်မာရေလုပ်သားတစ်ဦး၏ပြောပြချက်အရ ၎င်းတို့လိုက်ပါလာသည့် ငါးဖမ်းလှေသည် ပင်လယ်ထဲ ရောက်ချိန်ကတည်းက လှေထဲရေစိမ့်ဝင်မှုရှိခဲ့ရာမှ နစ်မြှပ်ခဲ့သဖြင့် လှေပေါ်ပါသူအားလုံး အသက်ကယ် အင်္ကျီများဖြင့် ပင်လယ်ထဲမျောပါသွားခဲ့ကြကြောင်း ပြောသည်။

 

ပျောက်ဆုံးနေသူများကို တာဝန်ရှိသူများက ဆက်လက်ရှာဖွေကြရာ မြန်မာရေလုပ်သား ၂ဦးကို နောက်တစ်နေ့ ဇွန်လ ရက် နံနက် နာရီ ၁၅မိနစ်အချိန်ခန့်တွင် ဘန့်လဲမ်ဖာက်ဘင့်ကျေးရွာရှိ မေဒ်ရဲက် သဲသောင်ကမ်းခြေတွင်တွေ့ရှိခဲ့ရာ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း ဖော်ပြထားသည်။

 

အသက် ၅၀အရွယ်ရှိ ထိုင်းပဲ့နင်း နိုင်ပို့ ဆိုသူကိုတော့ အခြားငါးဖမ်းစက်လှေတစ်စင်းက ပင်လယ်ထဲအချိန် အတော်ကြာ မျောနေသည်ကိုတွေ့ရှိပြီး ကယ်ဆယ်ခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

 

အသက်ကယ်အင်္ကျီကြောင့် မြန်မာရေလုပ်သားများ အသက်အန္တရာယ်မှ လွတ်မြောက်လာရခြင်း ဖြစ်သဖြင့် ပင်လယ်ထဲ ငါးဖမ်းလှေနှင့်အတူ အလုပ်လုပ်ကိုင်နေကြသည့်  တခြားမြန်မာ ရေလုပ်သားများလည်း အသက်ကယ် အင်္ကျီကို အစဉ်အမြဲဆောင်ယူသွားရန် သတိရှိကြစေလိုကြောင်း ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

 

လုပ်ငန်းခွင်ထဲ၌ ထိုင်းလုပ်ငန်းရှင်များနှင့် အဆင်ပြေစွာပေါင်းသင်းဆက်ဆံပြီး ပင်လယ်ထဲရောက်လျှင် လည်း သတိအမြဲရှိကြဖို့ကို အဆိုပါပုဂ္ဂိုလ်က တိုက်တွန်းပြောသည်။ NN – 24

Photo  ;  Thai News

ဆက်စပ် သတင်းများ