ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်Chiang Dao မြို့နယ်တွင်ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား နှစ်ဦးကိုစိတ်ကြွဆေးပြား ၃၄၀၀၀၀ ကျော်နှင့် အတူ ဇွန်လ (၁၅)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့သည်ဟု သတင်းရရှိသည်။
နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးယူနေသည့် အချိန်၌ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား(၃)ဦးအနက် (၂)ဦးအား ဖမ်းဆီး၇မိခဲ့ ပြီး ၎င်းတို့အား စစ်ဆေးချိန် စိတ်ကြွဆေးပြားများ ဖမ်းဆီး၇မိခဲ့ခြင်း ဖြစ်ကြောင်းထိုင်းအာဏာပိုင်များက The Maesai Pressကို ပြောဆိုထားသည်။
“ချင်းမိုင်ခရိုင် ChiangDao မြို့နယ် အမှတ် ၂၅၆၆ နယ်မြေထဲမှာသံသယရှိသူ ၃ ဦးကို ပစ္စည်းတွေနဲ့ အတူတွေ့ရလို့စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာကို မရပ်တန့်ပဲ ထွက်ပြေးခဲ့လို့လိုက်လံဖမ်းဆီး စစ်ဆေးရာမှာ အခုလို ဖမ်းမိခဲ့ခြင်း ဖြစ်တယ်”ဟု ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကိုကိုးကားပြီး ၎င်း သတင်းတွင် ဖြော်ပထားသည်။
၎င်းတို့နှစ်ဦး၏ ကျောပိုးလွယ်အိတ်အတွင်းမှ ထုတ်ပိုးသယ်ဆောင်လာသည့်၉ သုံးလုံး အမှတ် တံဆိပ်ပါ စိတ်ကြွ ဆေးပြား ၃၄၂၀၀၀ ကျော်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်းထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိမှုရုပ်သံများ၊ ဓာတ်ပုံများဖြင့်ဖြော်ပသည်။
ဖမ်းဆီး၇မိသည့်၂ ဦးကို သက်ဆိုင်ရာက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနှင့် မူးယစ်ဆေးဖမ်းဆီးရရှိမှုဖြင့်အရေးယူဆောင်ရွက်နေကြောင်းသိရှိ၇သည်။
အဆိုပါ နယ်မြေအတွင်းဇွန်လ ၁၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်ကမူးယစ်ဆေးပြား အများအပြားကိုသယ်ဆောင်လာသူ (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်းသိရှိ၇သည်။ (NN – 25)
ဓာတ်ပုံ- ဖမ်းဆီး၇မိခဲ့သူ ၂ ဦးနှင့် သိမ်းဆည်း၇မိသော ဆေးပြားထုတ်များ (The Maesai Press)