တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရှမ်းပြည်အရှေ့ပိုင်းက ‘ဝ’ တပ်စခန်း ၅ ခု ဆုတ်ခွာပေးဖို့ ထိုင်းအစိုးရမှ စစ်ကောင်စီကတဆင့် တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 704

ရှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မျဉ်းပေါ်က UWSA ‘ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်စခန်း ခုကို ဆုတ်ခွာပေးဖို့ မြန်မာစစ်ကောင်စီကတဆင့် ထိုင်းအစိုးရက ဖိအားပေးတောင်းဆိုလိုက်ကြောင်း ထိုင်းသတင်းဌာန Maesaipress က ဇွန်လ ၂၀ ရက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က တာချီလိတ်မြို့တွင်  ပြုလုပ်သည့် မြန်မာ-ထိုင်း နယ်စပ် ကော်မတီ မြို့နယ်အဆင့်အစည်းအဝေးပွဲတွင် ထိုင်းနိုင်ငံ ဒေသဆိုင် ရာ နယ်ခြားကော်မတီ (TBC) မှ ဗိုလ်မှူးကြီး ဆိုလာဗင်ဆို ဦးဆောင်သည့်အဖွဲ့က ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

 

မြန်မာ-ထိုင်းနယ်စပ်ကို ခြားထားသည့် မယ်ဆိုင်မြစ်ကမ်းတလျှောက်တွင် နေ့စဉ်အမှိုက်စွန့်ပြစ်မှုများ ကြောင့် မိုးတွင်းကာလ ရေကြီးရေလျှံမှုများဖြစ်သည့်အတွက် WUSA ‘တပ်စခန်း ခုကို ဖယ်ရှားပေးရန် အကြောင်းပြပြီး ိအားပေးတောင်းဆိုခြင်းဖြစ်ကြောင်း Maesaipress သတင်းဌာနက ဖော်ပြထားသည်။



 UWSA အနေဖြင့် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးတောင်းဆိုချက်များကို လိုက်လျောပေးမည် မဟုတ်ကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတစ်ဦးက သုံးသပ်ပြောသည်။

 

အဲဒါက ထိုင်းစစ်တပ်က တောင်းဆိုတာပါ နယ်ခြားအစည်းအဝေးလုပ်တိုင်း မြန်မာစစ်တပ်ကို တောင်း ဆိုနေတာကြာပြီ နှစ်တိုင်းပြောနေတာ ထိုင်းက ကို တိုက်ရိုက်ပြောတာမဟုတ်ဘူး ကလည်းမ ဖယ်တာကြာပေါ့

 

ယင်းဒေသသည် ထိုင်းနိုင်ငံဖက်မှ ရာဇဝတ်မှုခင်းကျူးလွန်သူများ၊ ဝင်ရောက်ခိုအောင်းသည့်ဒေသဖြစ် သည့်အတွက် ထိုင်းအာဏာပိုင်များက နှစ်စဉ်အဆိုပါအစည်းအဝေး၌ ဖိအားပေးတောင်းဆိုနေခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း ကို နိရဉ္စရာ က ဆက် သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

 

ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံနယ်မြေဟုခေါ်သည့် မြန်မာ-ထိုင်း-လာအို နိုင်ငံ နယ်စပ်မျဉ်း တလျှောက်၌ တရားမဝင် မူးယစ်ဆေးဝါးများနှင့် လက်နက်မှောင်ခိုများဂိုဏ်းဖွဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်းမြောက်များ စွာကတည်းက ကုန်သွယ်စီးပွားဖြစ်နေသည့် ဒေသလည်းဖြစ်ကြောင်း သိရသည်။ NN – 24

Photo: Maesaipress 

ဆက်စပ် သတင်းများ