အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ပြည်ပအလုပ်အကိုင် ရှာဖွေ‌ရေး အေဂျင်စီ ၈ ခု လုပ်ငန်းကိုင်ခွင့် ပိတ်သိမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ပြည်ပအလုပ်အကိုင်‌ ရှာဖွေ‌ရေး အေဂျင်စီ ၈ ခုကို စစ်ကောင်စီကနေ ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် လိုင်စင် ယာယီ ရုပ်သိမ်းထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အေဂျင်စီများသည် () Labour King Co.,Ltd()  Shwe Phyo Thar Co., Ltd () Royal ABS Co.,Ltd () Top Choice Manpower Co.,Ltd(၅) Myint Myat Tan Khon Co.,Ltd (၆) Phyu Sin May Co.,Ltd (၇) Poe Poe & Pho Thander Tun Co.,Ltd နှင့် (၈)Shwe Mandalar May ကုမ္ပဏီတို့ဖြစ်သည်။

၎င်း အေဂျင်စီများထဲမှ အေဂျင်စီ (၃)ခုကို ခြောက်လ ယာယီ လိုင်စင် ပိတ်သိမ်းခံရပြီး အေဂျင်စီ (၅)ခုသည် တစ်နှစ် ယာယီလိုင်စင် ပိတ်သိမ်းခံရခြင်းဖြစ်သည်။

ယာယီလိုင်စင်ပိတ်သိမ်းခံရခြင်းသည် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ချမှတ် ထားသည့် စည်းကမ်းဥပ‌ဒေများ လိုက်နာခြင်းမရှိသည့် အတွက်ဟု စစ်ကောင်စီက ပြောဆိုထားသည်။



ဘယ်နိုင်ငံပဲသွားဖို့ လုပ်လုပ်ကိုယ်နဲ့လုပ်မယ် အေဂျင်စီ သမိုင်းကိုတော့သေချာ လေ့လာစေချင်တယ်။ အခု ခေတ်က ပိုဆိုးတယ်လေ၊ အခုဆို ဆိုရှယ်မီဒီယာတွေမှာလဲ တင်ပြကြတာတွေကိုလည်း လေ့လာစေချင်ပါတယ်ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခု၏ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

ယာယီလိုင်စင်ပိတ်သိမ်းခံရသည့် အေဂျင်စီများသည် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီ အများဆုံးပါ၀င်‌ကြောင်း သိရှိရသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ရှိသည့် ထိုင်း (သီးသန့်) အေဂျင်စီ ၁၅၁ ခုသာ ကျန်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေ‌‌‌ရေး ကုမ္ပဏီအချက်အလက်များအရ သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - ထိုင်းသို့ MoU ဖြင့် အလုပ်သမားစေလွှတ်ရန် ကော့သောင်းလေဆိပ်ရောက်ရှိ အလုပ်သမားများ (ပုံဟောင်း)

ဆက်စပ် သတင်းများ