ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရန်ကုန် ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ် စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 915

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ်၊ မြိုနယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ဦးကြည်လှ ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီအချိန်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ‌စုံစမ်းသိရှိရသည်။

ဦးကြည်လှသည် ကားဖြင့် အိမ်သို့ ပြန်လာစဉ် စီ - ၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်ရောက်တွင် ဆိုင်ကယ်တစ်စီး မှ သေနတ်ဖြင့်လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

ဒီလူက ဇွန် ၂၃ ရက် ညမှာပဲ ပစ်သတ်ခံရလိုက်ရ အိမ်အပြန်လမ်းပဲပြောရမှာပေါ့ အလောင်းကတော့ ဆေးရုံယူသွားတယ်ဟု ‌ဒဂုံဆိပ်ကမ်းက ဒေသခံ တစ်ဦးက ပြောသည်။

ဦးလှကြည်ကို သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့ပြီး ၎င်းတွင်ယာရင်ဘတ်ကျည်ထိဒဏ်ရာ၊ ယာနံဘေးထိမှန်ဒဏ်ရာ၊ ဝဲရင်ဘတ်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း သိရှိရသည်။

ဒီလောက်ပစ်ခံရမှတော့သေပြီပေါ့။ ဒီလူကအရင် ၉၃ က အုပ်ကြီးဗျ အာဏာသိမ်းပြီး မြို့နယ်ထွေအုပ်စီမံအဖွဲ့ ဝင်ဖြစ်လာခဲ့တာဗျဟု ‌ဒေသခံ တစ်ဦးကလည်း ဦးလှကြည် ပစ်ခတ်ခံရမှုကို အတည်ပြု ထပ်လောင်းပြောဆို သည်။

၎င်အား ပစ်ခတ်ရှင်းလင်းခြင်းကို ရန်ကုန်မြို့က တော်လှန်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် Dagon Seikkan PDF က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

 

အဆိုပါ ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ဟုတ်မှန်ကြောင်း အတည်ပြု ရေးသားဖော်ပြထားသည်။ (NN – 25)

ဓာတ်ပုံ - ပစ်ခတ်ခံခဲ့ရသည့် ဦးလှကြည် ပုံ (လူမှုကွန်ယက်)

ဆက်စပ် သတင်းများ