Preview

သထုံနှင့်ဘီလင်းကြားက ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရ၊ တံတားပြိုပျက်၍ ကားများပြုတ်ကျကာ တစ်ဦးသေဆုံး

ဇွန် ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :1712
ပြည်တွင်း သတင်း

သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်ကြားရှိ ရန်ကုန် -မော်လမြိုင်ကားလမ်းပေါ်ရှိကျုံအိတ်တံတားသည် ယနေ့ဇွန်လ ၂၉ ရက်နေ့နံနက် ၄ နာရီခွဲ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်းစုံစမ်းသိရှိ၇သည်။

 ကျမတို့ ကားဖြတ်တဲ့အချိန်က ၆ နာရီလောက်က၊ဘယ်လိုပြော၇မလဲ တစ်ဖက်ခြမ်းလေးက ကားတစ်စီးစာ ဖြတ်သွားလို့၇နေသေးတယ်။ မိုင်းခွဲပြီးတဲ့နောက်ကားနှစ်စီးတော့ တံတားပြိုတဲ့ အောက်မှာ ပိတ်ပြီး ရှိေသေးတယ်။ တစ်စီးကလမ်းမပေါ်မှာဘဲ ရှိနေသေးတယ်။  ကားပေါ်ကဆိုတော့ ဆင်းတော့ မကြည့်ဖြစ်ခဲ့ဘူးဟုခရီးသည်တစ်ဦးက ပြောသည်။

 

အဆိုပါတံတားသည် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ်(၁၃၁/၆)နှင့်(၁၃၁/၇) အကြား တံတားအမှတ် (၁၃၂/၃) ဖြစ်ပြီး တံတားမိုင်းခွဲခံ၇မှုကြောင့်အိမ်စီးကားအသေး (၃)စီး ထိခိုက်မှု ဖြစ်ပေါ်ခဲ့ကာတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိ၇သည်။

 

တံတားသည်အရှည် ၉၅ ပေ ရှိပြီး သံကူ ကွန်ကရစ်အမျိုးအစား တံတားဖြစ်ကြောင်း သိရှိ၇သည်။

 

တံတားမိုင်းခွဲဖျက်ဆီးမှုပတ်သက်ပြီးကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)နယ်မြေခံတပ်မှူးက အတည်ပြုထားကြောင်း နွေဦးတော်လှန်ရေး သတင်းများကို ရေးသားဖော်ပြသည့်People’s Spring တွေ့ရှိ၇သည်။

 

၎င်းတံတားအားစစ်ရေးခြေအနေအ၇ စစ်ကောင်စီတပ်များ ထောက်ပို့ သယ်ယူမှုအပေါ်ဟန့်တားခြင်းအတွက် ဖျက်ဆီး၇ခြင်းဖြစ်ကြောင်း၊ ၎င်းပြင်ဘီလင်း- ကျိုက်ကော်ကြားရှိ ကမာစိုင်ကွက်သစ်အဝင်ထိပ်နားရှိ တံတားတစ်စီး မော်လမြိုင် - ဘားအံထောက်ပို့ဖြတ်တောက်မှုအနေဖြင့် သွားရောက် ဖျက်ဆီးခဲ့ကြောင်းကိုလည်း (KNU) တပ်မဟာ(၁)နယ်မြေခံ တပ်မှူးက ပြောဆိုထားသေးသည်။

 

KNU တပ်မဟာ (၁)နယ်မြေအတွင်းရှိ ဘီးလင်း၊ သထုံနှင့် ကျိုက်ထိုမြို့နယ်များတွင်စစ်ကောင်တပ် များကို စစ်ရေးအခြေအနေအ၇ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည့်အတွက်ပြည်သူများအနေဖြင့် အသွားလာသတိပြုပေးရန်တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားကြောင်းကိုလည်းတွေ့ရှိ၇သည်။ (NN – 25)

 

ဓာတ်ပုံ- မိုင်းခွဲခံ၇မှုကြောင့် ပျက်စီးသွားသည့် တံတား (လူမှုကွန်ယက်)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.