တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ အန်ထော်ခရိုင်ကျောင်းတစ်ခုတွင် စာသင်နေသည့် မြန်မာကလေးငယ် ၁၂၀ ကျော်အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 684

ထိုင်းနိုင်ငံ၊ အန်ထော် ခရိုင်ရှိ Thairath Wittaya 6 ကျောင်း၌ စာသင်ကြားနေကြသည့် မြန်မာကျောင်း သား ၁၂၆ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

 

၎င်းကလေးငယ်များကို မြန်မာနိုင်ငံကိုပြန်ပို့မည်ဖြစ်ကြောင်း ဇူလိုင် ရက် ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

 

၎င်းတို့သည် အသက် နှစ်မှ ၁၆ နှစ်အရွယ်များဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လမှစတင်ကာ အဆိုပါကျောင်း၌ စာသင်ကြားနေကြခြင်းဖြစ်သည်။

 

၎င်းတို့ကို အထောက်အထားမဲ့သူများဆိုသည့် အကြောင်းပြချက်ဖြင့် ယခုလိုဖမ်းဆီးခြင်းဖြစ်ကာ ချင်းရိုင်ခရိုင် မြန်မာ-ထိုင်း နယ်စပ်မှတဆင့် မြန်မာနိုင်ငံဆီပြန်ပို့ဖို့စီစဉ်နေသည်ဟု သတင်းတွင် ဖော်ပြသည်။

 

၎င်းအပြင် အထောက်အထားမဲ့ မြန်မာ ကျောင်းသားများကို လက်ခံထားသည်ဟုဆိုကာ Thairath Wittaya 6ကျောင်း တာ‌ဝန်ရှိသူများကိုလည်း ထိုင်းအာဏာပိုင်များက တရားစွဲထားကြောင်း သိရသည်။

 

ကလေးအယောက် ၃၀ ကိုတော့ ၎င်းတို့၏မိဘများမှခေါ်ယူသွားသည့်အတွက် နေရပ်ပြန်ပို့ပေးခဲ့ပြီးဖြစ် သလို ကျန်သည့်ကလေးများသည် ချင်းရိုင်မြို့က လူမှုဖွံ့ဖြိုးရေးနှင့် လူသားချင်းလုံခြုံမှုဆိုင်ရာ ခရိုင်ရုံးတွင် ခေတ္တနေထိုင်ခွင့်ပေးထား ကြောင်း သိရသည်။

 

‘’ထိုင်းမှာ မွေးစာရင်းပြနိုင်ရင် အသက် ၁၅ နှစ်လောက်အထိ နေထိုင်ခွင့်ရှိပြီး ကျောင်းတက်ခွင့်လည်းရ တယ် အခုဒီမြန်မာကလေးတွေက အသက်မပြည့်သေးဘူး ထိုင်းအစိုးရက ခုလိုတော့မလုပ်သင့်ဘူး’’ ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေ ဆောင်ရွက်ပေးနေသူတစ်ဦး က ပြောသည်။

 

အန်ထော်ခရိုင်သည် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ခရိုင်မြို့တစ်ခုဖြစ်ပြီး ယခုလိုမြန်မာကျောင်းသားများကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ရန်စီစဉ်နေသည့် ထိုင်းအာဏာပိုင်များ၏လုပ်ရပ်ကို ထိုင်းနိုင်ငံ၏ ပညာရေးဌာန နှင့် ဥပဒေပညာရှင်တချို့က ဝေဖန်ရှုတ်ချကြောင်း ထိုင်းသတင်းမီဒီယာတချို့တွင် ဖော်ပြထားကြောင်း သိရသည်။ NN – 24

Photo: Thairath Wittaya

ဆက်စပ် သတင်းများ