Preview

ထိုင်းနိုင်ငံ တာခ်ခရိုင်၌ ကားချင်းတိုက်မိရာမှ မြန်မာ ၅ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာပြင်းထန်

ဇူလိုင် ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :2145
ပြည်တွင်း သတင်း

ထိုင်းနိုင်ငံတာခ်ခရိုင် ဖဟွန်ယိုထင်လမ်းမကြီးပေါ်၌ မြန်မာနိုင်ငံသား ၁၇ ဦးတို့ လိုက်ပါလာသည့် ပစ်ကပ်ကား တစ်စီးသည်ကုန်တင်ကားနှင့် အရှိန်ပြင်းစွာတိုက်မိခဲ့ရာမှ မြန်မာ ၅ ဦးသေဆုံးပြီး ကျန် ၁၂ ဦး လည်းဒဏ်ရာအပြင်းအထန်၇ခဲ့ကြကြောင်း ထိုင်းသတင်းဌာန CH7 News တွင် ဖော်ပြထားသည်။

 

ဇူလိုင် ၂၀ယနေ့နံနက် ၄ နာရီခန့်က ချွန်ဘူရီမြို့ကိုသွားကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးလိုက်ပါလာသည့် ပစ်ကပ်ကားနှင့် ကုန်တင်ကားတို့ တာခ်ခရိုင် ဖဟွန်ယိုထင်လမ်းမကြီးပေါ်တွင် တိုက်မိကြခြင်းဖြစ်သည်။

 

အခင်းဖြစ်နေရာသို့တာခ်ခရိုင်ရဲစခန်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များကသွားရောက်စစ် ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

 

အခင်းဖြစ်သည့်နေရာတွင်ပစ်ကပ်ကားမှာ တစ်စီးလုံးရစရာမရှိကြေမွပျက်စီးနေပြီး ကားထဲ၌ မြန်မာ ၅ ဦး သေဆုံးနေပြီဖြစ်သလို ကျန် ၁၂ ဦးတို့လည်းဒဏ်ရာအပြင်းအထန်၇သည့်အတွက်အော်ဟစ်အကူ အညီတောင်းခံနေကြရသည်ဟုသိ၇သည်။

 

ကယ်ဆယ်ရေးအဖွဲ့ဝင်များကကားထဲရှိ ဒဏ်ရာ၇သူများကို ခက်ခက်ခဲခဲနှင့် အမြန်ဆုံးကယ်ထုတ်ခဲ့ကြ ရပြီး တာခ်ခရိုင်ရှိစုမ်ဒေ့ဖရာ့ကျောက်တာက်စင်မဟာရာချ်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိ၇သည်။



 ‘’သူများနိုင်ငံထဲမှာအခက်အခဲပေါင်းများစွာနဲ့ အလုပ်လာလုပ်ပါတယ်ဆိုမှ ခုလိုမျိုး အသက်တွေပေး လိုက်၇တယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲမသိဘူး သူတို့ဘ၀တွေဆက်ပြီးရပ်တည်နိုင်ပါဦးမလား ဒုက္ခိတတွေပဲဖြစ်မလား၊မစဉ်းစားတတ်တော့ပါဘူးဗျာ’’ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

ကုန်တင်ယာဉ်မောင်း၏ထွက်ဆိုချက်အ၇ ဖစ်စနုလို့မြို့မှ မဲဆောက်မြို့သို့ ကုန်ပစ္စည်းများသွားပို့ရန် အသွား အခင်းဖြစ်သည့်နေရာအရောက်တွင် ရုတ်တရက်အိပ်ငိုက်မိသည့်အတွက် အရှိန်ဖြင့်မောင်းလာသည့် ပစ်ကပ်ကားမှအချက်ပြမီးကိုမတွေ့မိလိုက်လို့ ခုလိုတိုက်မိသွားတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

 

ပစ်ကပ်ကားပေါ်လိုက်ပါလာကြသည့်မြန်မာ ၁၇ ဦးစလုံးတို့သည် အထောက်အထားမဲ့ တရားမဝင်ရောက်လာသူများဖြစ်ပြီး ချွန်ဘူရီမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီးအဖြစ်မှန်ကိုဖော်ထုတ်နိုင်ရန်ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာခ်ခရိုင်က တာဝန်ရှိရဲတပ်ဖွဲ့ကပြောသည်ဟု အဆိုပါသတင်းဌာနကဖော်ပြထားသည်။

 

ပြီးခဲ့သည့်ဇွန်လ ၁ ရက်က အယုဒ္ဓယမြို့၌ ကားတစ်စီးတိမ်းမှောက်ကာ မီးလောင်ခဲ့သည့်အတွက် မြန်မာ ၄ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ မေလ ၃၁ ရက်နေ့ကလည်း ကန်ချနာဘူရီတွင်ကားတိမ်း မှောက်ခဲ့ရာ မြန်မာ ၁ ဦး သေဆုံးခဲ့ရကြောင်း သိ၇သည်။ NN – 24

Photo ;CH7 News

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.