ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စကစ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA , NDAA, SSPP တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေး‌နွေးရေးအဖွဲ့နှင့် ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်

ဆိုပါတွေ့ဆုံမှုကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၂၀ ရက်နေ့ ကတွေ့ဆုံခဲ့ကြခြင်း ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ယမန့်နေ့ တွေ့ဆုံမှုတွင် တွေ့ဆုံခဲ့မှုများမှ သဘောတူညီချက်များကို အကောင်ထည်ဖော်နိုင်ရေးများ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲအား ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့မှ ဦးဆောင်ကိုယ်စားလှယ်များ အဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ (ယနေ့) တွေ့ဆုံရလဒ် သဘောတူညီချက်များကိုလည်း ဆွေးနွေးမှုအပြီး လက်မှတ် ရေးထိုး သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။ (NN -25)
ဓာတ်ပုံ - စကစနှင့် UWSA , NDAA , SSPP တို့တွေ့ဆုံနေမှု (စကစ

ဆက်စပ် သတင်းများ