(စစ်ကောင်စီ ပိတ်သိမ်းခဲ့သည့်အထဲတွင် ငွေကျပ် သိန်း ၁သောင်းကျော် လိမ်လည်သွားခဲ့သည့် အေဂျင့်တစ်ခုပါဝင်)
စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် (ဇူလိုင်လ) အတွင်းပြည်ပ အလုပ်အကိုင် အေဂျင်စီ (၅)ခုကိုလုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်သည်ဟုစစ်ကောင်စီ၏ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ သိရှိ၇သည်။
“အကုန်လုံးပေါင်းဆို ၂၅ ခုပေါ့။ ဒီစကစ အာဏာသိမ်းပြီးနောက်တော့အေဂျင်စီ ၅ ခုလို့ ပြော၇မှာပေါ့။ အခု ၅ ခုထဲက တစ်ခုက အလုပ်သမားတွေဆီကနေ ကျပ်သိန်း တစ်သောင်းကျော် လိမ်လည်သွားတဲ့ အေဂျင်စီ တစ်ခုလဲပါတယ်” ဟုအေဂျင်စီ တစ်ခု၏ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စစ်ကောင်စီပိတ်သိမ်းခဲ့သည့် ကုမ္ပဏီ စာရင်းတွင် အလုပ်သမားများထံမှ ငွေကျပ် သိန်း ၁ သောင်းကျော် လိမ်လည် သွားခဲ့သည့် 7 Star HighCo.,Ltd ပါဝင်နေကြောင်းစုံစမ်းသိရှိ၇သည်။
စစ်ကောင်စီမှလိုင်စင်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ (၅)ခုသည် ၂၀၂၁ ခုနှစ်တွင် PropertyWorld Co.,Ltd၊၂၀၂၂ ခုနှစ်တွင် Asia Shwe Oh International Co.,Ltd နှင့်၂၀၁၃ ခုနှစ်တွင် Myint Mo Phue Pwint Co.,Ltd နှင့် 7 Star High Co.,Ltd နှင့်Lu Kyaw Co.,Ltd တို့ ဖြစ်ကြောင်း သိရှိ၇သည်။
ရာသက်ပန်လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံ၇သည့် အေဂျင်စီများသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ (၂၅)ခု ရှိကြောင်း သိရှိ၇သည်။
“ကျနော်တို့ ညီအစ်ကိုမောင်နှမတွေအနေနဲ့ ပြည်ပအလုပ်သွားလုပ်မယ်ဆိုအခုလို ပိတ်သိမ်းခံရတဲ့ကုမ္ပဏီတွေ သိရှိထားဖို့ရော၊ ကိုယ်နဲ့တွဲလုပ်မယ် အေဂျင်စီကိုလည်းအရင်လေ့လာပါလို့ ပြောချင်ပါတယ်”ဟု ထိုင်းရောက် ရွှေပြောင်းအလုပ်သမားတစ်ဦးကမှတ်ချက်ပြုပြောဆိုသည်။
လိုင်စင်ပိတ်သိမ်းခံရသည့်ကုမ္ပဏီ အေဂျင်စီများသည် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနကချမှတ်ထားသည့် ဥပဒေ ပြဌာန်းချက်များကို မလိုက်နာသည့်အတွက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လိုင်စင်ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိ၇သည်။
လက်ရှိအလုပ်သမားညွန်ကြားရေးဦးစီး ဌာန၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ စာရင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ အထိ ထုတ်ပြန်ချက်အ၇အေဂျင်စီပေါင်း (၄၂၈) ခုရှိကြောင်း သိရှိ၇သည်။
အဆိုပါလိုင်စင်ရ ကုမ္ပဏီ အေဂျင်စီများ စာရင်းကိုလည်း အလုပ်သမားညွန်ကြားရေး ဦးစီးဌာန၏ ဝက်ဆိုက်များတွင် ဝင်ရောက်လေ့လာနိုင်ကြောင်းသိရှိ၇သည်။ (NN – 25)
ဓာတ်ပုံ- ပိတ်သိမ်းခံရသည့် ကုမ္ပဏီများ စာရင်း (စကစ)