ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ကရန်အောင်စေတီကုန်းအနီး စစ်ကောင်စီနေရာယူထားသည့် ကင်းစခန်း တစ်ခုကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊(စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုး၇က ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်သည်။
“နေ့ပိုင်းသွားတိုက်တာပါ။ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ အကုန် အေးဆေးဆေးပဲ အထိခိုက်မရှိပြန်ဆုတ်လာနိုင်တယ်။ အဲ့ဒီဘက်က ၂ ကောင် ၃ ကောင်လောက်သေတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
CDF မင်းတပ်၊ CDF ကန်ပက်လက်နှင့်PDF ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီ၏ ကင်းစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ ညနေ (၃:၃၀) နာရီခန့်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရှိ၇သည်။
တိုက်ခိုက်ခံ၇သည့်စစ်ကောင်စီ ကင်းစခန်းမှ တပ်သား (၂)ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ကြောင်းကိုလည်းNUG ကထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီတပ်များသည်မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ်လမ်းပိုင်များကိုစိုးမိုးထိန်းချုပ် နိုင်၇အောင်လုပ်ဆောင်နေသော်လည်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိုးမိုးမှုမရနိုင်သေးကြောင်း သိရှိ၇သည်။
“ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ကိုယ်နယ် ကိုယ့်ဒေသလောက် ကိုယ်လူတွေပဲ သိနိုင်တယ်လေ။ စကစက ကောင်တွေက ဟိုအထက်ခိုင်းလို့သေတွင်းထဲလာ၇တာလေ။ ချင်းပြည်နယ်ထဲကဘယ်စိုးမိုးမှုမှ မ၇နိုင်ဘူး”ဟု ဒေသခံ တစ်ဦးက ဒေသတွင်းတိုက်ပွဲအခြေအနေများအပေါ် သုံးသပ်ပြောဆိုသည်။ (NN -25)
ဓာတ်ပုံ- တော်လှန်ရေးပူးပေါင်းအဖွဲ့များ (NUG/ ကာကွယ်ရေးဝန်ကြီးဌာန)