စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 707

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး မနက်ဖြန် ဇူလိုင်လ ၂၆ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီအချိန်တွင် ထုတ်ပြန်လိုက်သည်။

မိုးဇလ၏ ယနေ့ဇူလိုင်လ ၂၅ ရက်၊ မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်းကမ်းလွန် - ဩရိဿပြည်နယ် တောင်ပိုင်း ကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေသည်ဟုဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအား ကောင်းလာနိုင်ပြီး မနက်ဖြန် ဇူလိုင်လ ၂၆ ရက်တွင်  မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက် - အနောက်မြောက်ဘက်သို့ ဖြေးညှင်းစွာရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်း - ဩရိဿ ပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန့်မန်းထားသည်ကို တွေ့ရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်ရှိနေသည်ဟု ဆိုသည်။

ယနေ့နံနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ(Doksuri)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။(NN-23)

ဆက်စပ် သတင်းများ