Preview

တိုက်ပွဲများဖြစ်ပွားနေ၍ မြန်မာနိုင်ငံသား၇၀၀ကျော် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်လာ

ဇူလိုင် ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1317
ပြည်တွင်း သတင်း

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ခမ်းပတ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေ၍ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အတွင်းသို့ မြန်မာနိုင်ငံသား ၇၀၀ ကျော် ဝင်ရောက်လာကြောင်း Dhaka Tribune တွင် သတင်းဖော်ပြသည်။

မဏိပူရပြည်နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသား၇၀၀ ကျော်အား မြန်မာဘက်သို့ ချက်ချင်း ပြန်လည်မောင်းထုတ်ရန် ပြည်နယ်အစိုးရကအမိန့်ပေး ညွှန်ကြားထားသည်ဟု သိ၇သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက် (နှစ်ရက်အတွင်း)  ကလေးငယ် ၃၀၁ဦး အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ဦးသည် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်၍ မဏိပူရပြည်နယ်အတွင်းသို့ အထောက်အထားစာရွက်စာတမ်းတစ်စုံတရာမပါဘဲ ဝင်ရောက်လာခဲ့ရာ လုံခြုံရေးအရ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါသတင်း ထွက်ပေါ်ပြီးမကြာမီ မဏိပူရအစိုးရသည် ဝင်ရောက်လာသူများအား ချက်ချင်းပြန်လည်မောင်းထုတ်ရန် ညွှန်ကြားခဲ့သည်။

'မဏိပူရပြည်နယ်အတွင်းရေးမှူး ဗီနိ ဂျိုရှီက “ အခုကြားနေရတဲ့သတင်းနဲ့ပတ်သက်ပြီး အာသံရိုင်ဖယ်တပ်က တာဝန်ရှိသူတွေကို မြန်မာနိုင်ငံသား၇၁၈ ယောက် ဘာအထောက်အထားမှ မပါဘဲ ချန်ဒယ် ခရိုင်ကတစ်ဆင့် အိန္ဒိယနိုင်ငံထဲကိုဘာ့ကြောင့်၊ ဘယ်လို ဝင်ရောက်လာတယ် ဆိုတာ ရှင်းလင်းတင်ပြပေးဖို့ တောင်းဆိုထားပါတယ်”ဟု ပြောကြားခဲ့သည်။

“ အာဏာပိုင်တွေကတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ချက်ချင်း ပြန်လွှတ်ဖို့လည်း တင်းတင်းကျပ်ကျပ်ညွှန်ကြားထားပါတယ်။”

“ ပြည်နယ်အစိုးရဟာ အထောက်အထား စာရွက်စာတမ်းမပါတဲ့မြန်မာနိုင်ငံသားတွေ မဏိပူရထဲ ဝင်မလာနိုင်အောင် နယ်ခြားစောင့်တပ်ကိုတင်းတင်းကျပ်ကျပ် အမိန့်ပေးထားတယ်။ ဒါဟာ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ”ဟု သူက ဆက်ပြောသည်။

အာသံရိုင်ဖယ်တပ်၏ အဆိုအရ ချန်ဒယ်ခရိုင်လက်ထောက်အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံသား၇၁၈ ဦးသည် အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး မဏိပူရထဲ ဝင်ရောက်လာကြောင်း၊မြန်မာနိုင်ငံ အတွင်း ခမ်းပတ်ဒေသတွင် တိုက်ပွဲများဖြစ်ပွါးနေ၍ ယခုကဲ့သို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိ၇သည်။ NN- 27

Ref:Dhakatribune

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.