ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ နံဇရွာသို့စစ်ကောင်စီတပ်များက ဇူလိုင်လ ၂၄ရက်နေ့က စစ်ကားများဖြင့် ဝင်ရောက်လာပြီး အမျိုးသမီး (၂)ဦးအားမုဒိန်းကျင့်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မနက်ပိုင်းက စစ်ကား၁၀ စီးလောက်နဲ့ စစ်သားတွေဝင်လာတယ်ဗျ။ သူတို့ ပြန်ထွက်သွားတော့ ဒီကအမျိုးသမီး (၂)ဦးကို မုဒိမ်းကျင့်ပြီး လယ်ကစင်းရိုးအဆက်မှာ သတ်ဖြတ်ထားခဲ့တယ်”ဟုဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါသတ်ဖြတ်ခံ၇မှုနှင့် ပတ်သက်ပြီး ကေအန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကော်သူးလေ အုပ်ချုပ်နယ်မြေ ထဲက KNLA – PDF တပ်ဖွဲ့ကလည်းထုတ်ပြန် ထားသည်။
နံဇရွာသို့စစ်ကောင်စီ တပ်များ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်က ဝင်ရောက်ခဲ့ကာ ညနေ ၄ နာရီ တွင် ပြန်လည်ထွက်ခွာသွားပြီးကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကိုလည်းယူဆောင်သွားကြကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည်ပုဇွန်မြောင်း၊ မဒေါက်၊ ညောင်ပင်ပေါက် ကျေးရွာများသို့လည်းလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိ၇သည်။
ပြီးခဲ့သည့်ရက်ပိုင်းဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးပေါ်ကျည်ကျရောက်ပေါက်ကွဲကာတစ်မိသားစုလုံး (၄ ဦး) သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိ၇သည်။(NN – 25)
ဓာတ်ပုံ- (KNLA – PDF)
သတ်ဖြတ်ခံခဲ့၇သည့်အမျိုးသမီးပုံများ