Preview

ခရိုနီ ဦးတေဇနဲ့အပေါင်းအပါများကို စင်္ကာပူအစိုးရက အရေးယူပေးရန်Justice For Myanmar က တောင်းဆို

သြဂုတ် ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1852
ပြည်တွင်း သတင်း

စင်္ကာပူနိုင်ငံရှိစီးပွားရေးလုပ်ငန်းများမှတဆင့်စစ်ကောင်စီကိုလက်နက်ခဲယမ်း၊ကုန်ကြမ်းပစ္စည်းများနှင့်ရန်ပုံငွေများကို တရားမဝင် ထောက်ပံ့ပေးနေကြသည့်ထူးအုပ်စုကုမ္ပဏီဥက္ကဋ္ဌဦးတေဇအပါအဝင် ခရိုနီသူဌေးများကိုအရေးယူပေးရန်Justice For Myanmar က စင်္ကာပူအစိုးရထံတောင်းဆိုလိုက်ကြောင်းသိ၇သည်။

ထူးအုပ်စု ကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊Myanmar Chemical &Machinery ကုမ္ပဏီဥက္ကဋ္ဌဦးအောင်လှိုင်ဦး၊International Gatewaysကုမ္ပဏီဥက္ကဋ္ဌဦးနိုင်ထွဋ်အောင်တို့သည်စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကွန်ရက်များကိုအသုံးချကာစစ်ကောင်စီအတွက်စစ်လက်နက်ပစ္စည်းများ၊လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နိုင်သည့် လက်နက်ပစ္စည်းများကိုထောက်ပံ့ပေးနေကြောင်းJustice For Myanmar က ဇူလိုင်လ၃၁ရက်နေ့စွဲနှင့် ဖော်ပြထားသည်။

စစ်ကောင်စီအတွက်စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်ပစ္စည်းများ၊နည်းပညာများကိုတိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီးလွှဲပြောင်းပေးနေသည်များကို ပိတ်ဆို့အရေးယူပေးဖို့၊ စစ်ကောင်စီ၏ ဘဏ်များ အပါအဝင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့များကတဆင့်စင်ကာပူ၏ဘဏ္ဍာရေးစနစ်အတွင်းစစ်ကောင်စီဝင်ရောက်ခွင့်ကိုပိတ်ဆို့ပေးဖို့၊ ယခုလို စစ်ကောင်စီအတွက်ပံ့ပိုးပေးနေသည့်စင်ကာပူ ကုမ္ပဏီများကိုအများပြည်သူသိရှိစေနိုင်မည့်ပွင့်လင်းမြင်သာသောစုံစမ်းစစ်ဆေးမှုများကိုအရှိန်မြှင့်လုပ်ဆောင်ပေးဖို့ စသည့်အချက်များကို Justice For Myanmar က အဓိက တောင်းဆိုထားခြင်း ဖြစ်သည်။

"စစ်ကောင်စီလိုလက်နက်တွေလိုအပ်နေတဲ့သူတွေအတွက် လက်နက်တွေ၊ကုန်ကြမ်းတွေလွယ်လင့်တကူဝယ်ယူနိုင်နေတာကိုပိတ်ပင်ဖို့ကခက်တော့ခက်တယ်ဗျ၊ သတင်းအချက်အလက်အပေါ်မှာလည်းအများကြီးအခြေခံပါတယ်၊Justice ForMyanmar ကနေကြိုးပမ်းချက်တွေကလည်း ထိရောက်တဲ့ ကြိုးပမ်းမှုတွေ ဖြစ်စေချင်တယ်၊စင်္ကာပူအစိုးရကိုလည်းသေသေချာချာလေးဖိအားပေးပြောစေချင်ပါတယ်ခင်ဗျ"  ဟု စမ်းချောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌဦးဘိုဘိုဦးကနိရဉ္စရာကိုပြောသည်။

အရက်ဘက်စစ်ဘက်မခွဲခြားဘဲ ကျေးရွာများအပေါ်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာ၊မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများတွင် အသုံးပြုနေသည့်လက်နက်၊စက်ပစ္စည်းကိရိယာများနှင့်ရန်ပုံငွေများ၇ယူနိုင်ဖို့ကူညီပေးနေသည်မှာစင်ကာပူနိုင်ငံကကုမ္ပဏီတွေပဲဖြစ်ကြောင်းJustice For Myanmar က ဆို ထားသည်။

Mi-17၊ Bell 206၊ Mi-2 နှင့်Mi-17စသည့် ၇ဟတ်ယာဉ်များ၊MiG-29ဂျက်တိုက်လေယာဉ်များနှင့်စက်ပစ္စည်းအစိတ်အပိုင်းများကို စစ်ကောင်စီအတွက်ထောက်ပံ့ပေးနေသည့် ထူးအုပ်စု ကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊Myanmar Chemical &Machinery ဥက္ကဋ္ဌဦးအောင်လှိုင်ဦးနှင့်International GatewaysGroup ကုမ္ပဏီဥက္ကဋ္ဌဦးနိုင်ထွဋ်အောင်တို့ကိုအမေရိကန်၊ယူကေ၊အီးယူနှင့်ကနေဒါနိုင်ငံများကပိတ်ဆို့အရေးယူထားပြီးဖြစ်ကြောင်းလည်း Justice For Myanmar က ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းအပြီးစစ်ကောင်စီထံသို့လက်နက်နှင့်ပစ္စည်းကိရိယာများကို ဆက်လက်ထောက်ပံ့ပေးနေသည့်စင်ကာပူစီးပွားရေးလုပ်ငန်း၁၃၈ခုတို့ပါဝင်ကြောင်းမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက် ပြီးကုလသမဂ္ဂအထူးကိုယ်စားလှယ်ကပြောထားကြောင်းလည်းဖော်ပြထားသည်။ NN – 24

Photo ;Justice For Myanmar , FB

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.