ဧရာ၀တီတိုင်း၊ လပွတ္တာjမြို့နယ်၊ပြင်စလူမြို့၊ ကိုးသောင်းကျေးရွာနှင့် လေးမိုင်ခန့်အကွာကပ္ပလီပင်လယ်ပြင်တွင် မွတ်ဆလင် ၇၀ ကျော်ကို စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီး၇မိခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများက ဖော်ပြထားသည်။
အဆိုပါစက်လှေပေါ်တွင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ အားဖမ်းဆီးရမိရမိခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိ၇သည်။
“ဖမ်းမိတာဟုတ်ပါတယ်။အခုထိတော့ စစ်ဆေးနေဆဲပေါ့ဗျာ”ဟု စစ်ကောင်စီ၏ ထွေ/အုပ် ဝန်ထမ်းတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်တွင် မလေးရှားနိုင်ငံ သို့သွားရောက်ရန် လာခဲ့ခြင်းဖြစ်ပြီး စက်လှေ ပျက်၍ ပင်လယ်ပြင်တွင် ၅ ရက်ခန့် မျှောပါနေခဲ့ကြောင်း၎င်း က ဆက်လက်ပြောဆိုသည်။
ဖမ်းဆီးရမိသည့်စက်လှေအရွယ်အစားသည်သည် အလျား(၆၀) ပေ၊ အနံ(၁၆)ပေ၊ ဇောက်(၁၀)ပေ၊သစ်သားကိုယ်ထည်၊ ကားစက်(၄)လုံးထိုးဖြစ်ကြောင်း သိရှိ၇သည်။
၎င်းတို့အားသြဂုတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စက်လှေ စက်ပျက်၍ ကျောက်ချရန်နားစဥ် စစ်ကောင်စီ၏ ပူးပေါင်းအဖွဲ့က ဖမ်းဆီး၇မိခဲ့ပြီး ဒေသခံ ငါးဖမ်း စက်လှေဖြင့် ဆွဲယူဖမ်းဆီးခဲ့ကြောင်းကိုလည်း စစ်ကောင်စီ၏ မီဒီယာများကဖော်ပြထားသည်။
ဓာတ်ပုံ - သြဂုတ်လ ၄ရက်နေ့က ဖမ်းဆီး၇မိခဲ့သူများ(Kyaw Swar)