ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ အာရှလမ်းမကြီးပေါ်က ကော့ကရိတ်နှင့် မြ၀တီလမ်းပိုင်းတောနော် ရေတံခွန်အနီး ယနေ့ သြဂုတ်လရ ရက်နေ့ မနက်ပိုင်းက မိုးသည်းစွာရွာသွန်းခဲ့မှုကြောင့် ကားလမ်း ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရှိ၇သည်။
အဆိုပါနေရာတွင် ကားလမ်းပြိုကျပျက်စီးမှု မှတ်တမ်းပုံများ လူမှုကွန်ယက်တွင်တွေ့ရှိရပြီးဖြတ်သန်းသွားလာ၍ မ၇နိုင်သည်အထိ ပြိုကျပျက်စီးသွားခဲ့ကြောင်းတွေ့ရှိ၇သည်။
၎င်းလမ်းပိုင်းပျက်စီးမှုကြောင့် မြ၀တီမြို့သို့ အတက်အဆင်းပြုရန် မည်မျှထိ အချိန်ကြာမည်ကို မခန့်မှန်းနိုင်တော့ကြောင်းနှင့် မိုးသည်ထန်မှုကြောင့် အခြားလမ်းပိုင်းများလည်း ပျက်စီးမှုရှိကြောင်းမြ၀တီ - ဘားအံ - သထုံ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်မောင်းများကပြောသည်။
ပြိုကျပျက်စီးမှုးဖြစ်ပေါ်ခဲ့သည့်လမ်းပိုင်းသည် မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀)အကြားနေရာဖြစ်ပြီး ကားလမ်းအောက်ခံမြေသားအကျယ်(၃၃)ပေရှိ ကတ္တရာခင်း ကားလမ်း အရှည် ၁၅၀ ပေခန့် ပျက်စီးသွားခဲ့ကြောင်းသိရှိ၇သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် မြ၀တီမြို့တွင်သောင်ရင်းမြစ် ရေမြင့်တက်ကာ ရေကြီးမှုများ ကြုံတွေ့ခဲ့၇ပြီး ရေဘေးရှောင်(ယာယီ) ကယ်ဆယ်ရေးစခန်း (၅) ဖွင့် လှစ်ထားရှိခဲ့၇ကြောင်း သိရှိ၇သည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသြဂုတ်လ ၃ ရက်နေ့ကတည်းက သံလွင်မြစ်၊ဘီးလင်းမြစ်နှင့် သံတွဲချောင်းရေတို့သည် စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကျသူများ မြစ်ရေ ချောင်းရေမြင့်တက်မှုကို အထူးသတိထား နေအထိုင်ကြရန် အသိပေး နှိုးဆောင်ထားသည်။
ဓာတ်ပုံ- တောနော် ရေတံခွန်အနီး လမ်းပိုင်းပြိုကျ ပျက်စီးမှု (လူမှုကွန်ယက်)