Preview

ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတစ်ခုအတွင်း ကားပေါ်ပါလာသူ မြန်မာအမျိုးသမီးသေဆုံး

သြဂုတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :734
ပြည်တွင်း သတင်း

ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်မင်မြို့၌ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ပစ်ကပ်ကား တစ်စီး နှင့် သစ်တင်ထားသည့်ကုန်ကားတစ်စီးတို့ မတော်တဆတိုက်မိရာ မြန်မာအမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ နှစ်အရွယ်ကလေးတစ်ဦးနှင့်အတူ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် ကျိုချို သတင်းမီဒီယာတွင် ဖော်ပြထားသည်။

ဩဂုတ်လ ၁၆ရက် နံနက် ၅ နာရီကျော်ကကန်ကျနဘူရီခရိုင်၊ မင်မြို့၊ကယ်စီယန့်ကျေးရွာရှိ သယ်ယူပို့ ဆောင်ရေးရုံးရှေ့တွင် သစ်များတင်ဆောင်လာသည့်ကုန်ကားနောက်ကိုပစ်ကပ်ကားကဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။

အခင်းဖြစ်ပွားရာနေရာကို ဒေသခံတာဝန်ရှိ ရဲအဖွဲ့နှင့်သက်ဆိုင်ရာတာဝန်ရှိများကသွားရောက်စစ်ဆေး ခဲ့ရာ ကားထဲတွင်ပိတ်မိနေသည့် မြန်မာအလုပ်သမား ၆ ဦးကို ကယ်ဆယ်ထုတ်ခဲ့၇ကြောင်း၊ မြန်မာ အမျိုးသမီး ၁ ဦးမှာ သေဆုံးနေကြောင်းတွေ့၇ပြီး သေဆုံးသူအမျိုးသမီး၏လက်ပေါ်တွင်သတိလစ်နေ သည့် ၆ နှစ် အရွယ် ကလေးနှင့်အတူ ဒဏ်ရာရရှိသူ ၅ ဦးတို့ကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိ၇သည်။

ကုန်ကားယာဉ်မောင်း၏ထွက်ဆိုချက်အရ မီးပွိုင့်ရောက်ခါနီး၌ ၎င်း၏ကားနောက်က ရုတ်တရက် အသံ ကြားလိုက်သဖြင့်လမ်းဘေးတွင်ကားထိုးရပ်ပြီးဆင်းကြည့်ရာ ပစ်ကပ်ကားတစီး အရှိန်ပြင်းပြင်းနဲ့ ဝင် တိုက်ထားတာကို တွေ့ရကြောင်း ပစ်ကပ်ကားမောင်းသူဟာ အိပ်ငိုက်ပြီးမောင်းလာသည်လို့ ယူဆ၇ ကြောင်း ဆိုထားသည်။

"မနက်အစောပိုင်းမှာကားမောင်းလာကြတာဖြစ်မယ်၊ဆေးရုံရောက်နေသူတွေအခြေအနေကောင်းပါ စေလို့ပဲ ဆုတောင်းရမယ်၊ ကြားထဲက ကလေးအတွက်တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်" ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်/

ပစ်ကပ်ကားမောင်းသူမှာ အမျိုးသမီး မြန်မာအလုပ်သမားဖြစ်ပြီးသူပါထိခိုက်ဒဏ်ရာများရရှိထားသဖြင့် ဆေးရုံပို့ထားရသည်ဟုလည်း သိ၇သည်။ 

Photo ;Thai News

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.