Preview

ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်၏ မြန်မာဘဏ်များနှင့်ချိတ်ဆက်ဖွင့်လှစ်ထားသော ငွေစာရင်းများကို ပိတ်ပင်ရန် အမေရိကန်တောင်းဆို

သြဂုတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1512
ပြည်တွင်း သတင်း

မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိက ငွေကြေးအလွှဲအပြောင်းပြုလုပ်နေသည့်ဘင်္ဂလားဒေ့ရှ်အစိုး၇ပိုင်ဆိုနာလီဘဏ်၏မြန်မာဘဏ်များတွင် ဖွင့်လှစ်ထားသည့်ငွေစာရင်းများကို ပိတ်ပင်ရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်အစိုး၇ကတောင်းဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီဘဏ်သည် အမေရိကန်အစိုး၇၏ စီးပွားရေးပိတ်ဆို့ခံထားရသည့်မြန်မာဘဏ် နှစ်ခုနှင့် ဆက်သွယ်လျှက်ရှိပြီး ငွေစာရင်းများဖွင့်လှစ်ထားသည်။

နယ်စပ်ချင်းထိစပ်နေသည့်ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာကြား ကုန်သွယ်ရေးနှင့် ငွေပေးငွေယူကိစ္စများကို ဆိုနာလီဘဏ် အကောင့်များမှတစ်ဆင့် ပြုလုပ်လျှက်ရှိသည်။

 ဆိုနာလီဘဏ်သည်ပိတ်ဆို့ခံထား၇သော မြန်မာဘဏ် နှစ်ခုစလုံးတွင်ငွေစာရင်းနှင့် နိုင်ငံခြားသုံးငွေများ ရှိနေသည်။


အမေရိကန်သည်ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံပိုင်
နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်( MICB) တို့အား စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

 

ထိုသို့ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် ဒက္ကာရှိ အမေရိကန်သံရုံးသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မြန်မာပြည်ရှိ ငွေစာရင်းနှစ်ခုပိတ်ပင်ပေးရန် တောင်းဆိုခဲ့သည်။

 

ဩဂုတ်လ(၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ တောင်းဆိုချက်စာကို ဆိုနာလီဘဏ်သို့ ထပ်ဆင့်ပို့ဆောင်ပေးခဲ့ပြီးလိုအပ်သလို အရေးယူဆောင်ရွက်ရန်အကြံပြုခဲ့သည်။

 

အဆိုပါအခြေအနေများကြောင့်ဆိုနာလီဘဏ်မှာ အကျပ်ရိုက်သွားခဲ့သည်။

 

ဆိုနာလီဘဏ်သည် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်( MFTB) တွင်ဒေါ်လာ ၁၇၀၀၀၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုဘဏ်(MICB) တွင်ဒေါ်လာ ၂၀၀၀၀၀ စာရင်းဖွင့်လှစ်ထားသည်။

 

ဆိုနာလီဘဏ်တာဝန်ရှိသူများက ယခုအခါ အဆိုပါငွေများကို ၎င်းတို့အနေနှင့် ထုတ်ယူ၍လည်းမ၇၊လွှဲ

ပြောင်း၍လည်းမ၇ ဖြစ်နေသည်ဟုဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် မြန်မာနိုင်ငံမှ ကျွန်းသစ်၊ဂျင်း၊ ကြက်သွန်၊ ကွမ်းသီး၊ ရေခဲရိုက်ငါးများ၊ တံမျက်စည်းမွေး၊ အုန်းသီး၊ ငါးခြောက်၊ ကြိမ်၊ မန်ကျည်းမှည့်၊ ပဲအမျိုမျိုးတို့ကို ဝယ်ယူတင်သွင်းလျှက်ရှိပြီးမြန်မာနိုင်ငံသို့ အာလူး၊ ဘီစကွတ် နှင့် ပလတ်စတစ်ပစ္စည်းများတင်ပို့လျှက်ရှိသည်။

 


 ref: dhakatribune.

#အမေရိကန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.