ရန်ကုန် - မန္တလေးမီးရထားလမ်းပေါ်ရှိ ကုန်တင်ရထားတစ်စင်း ယနေ့နံနက်ကမိုင်းခွဲခံရ၍ ရထားတွဲတချို့ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းနှင့်ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အကြားရှိ ရန်ကုန် - မန္တလေးမီးရထားလမ်းပိုင်းရှိ အမှတ် ၁၇၉ သပိတ်ချောင်းတံတားသည် မိုင်းခွဲခံ၇ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ သြဂုတ်လ ၁၈ ရက်၊နံနက် ရ နာရီခန့်က မိုင်းခွဲခံခဲ့ရခြင်းဖြစ်သည်ဟု ဖြစ်စဉ်အနီးသွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
“ဖြူးနဲ့ ကညွတ်ကွင်းကြားကတံတားအမှတ် ၁၇၉ (သပိတ်ချောင်းတံတား)ပေါ့။ ဖောက်ခွဲခံရတာ။ကုန်ရတားတစ်စီးတိမ်းမှောက်တယ်ပေ
အဆိုပါရထားလမ်းပိုင်း ဖောက်ကွဲခံရမှုကြောင့်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာရထား အမှတ်DF – 2077 အစုန်ရထားသည် ထိခိုက်တိမ်းမှောက်မှုဖြစ်ပေါ်
၇ထား၏ စက်ခေါင်းတွဲအပါအဝင်တွဲဆိုင်း (၈)တွဲ လမ်းချော်ခဲ့ပြီး ကုန်တင်တွဲဆိုင်း (၁)ဆိုင်း တိမ်းမှောက်ခဲ့ကာ ရထားလမ်းလည်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်အနီးရောက်ရှိခဲ့သူNON – CDM ဝန်ထမ်းတစ်ဦးက“ရထားတစ်စီး (ကုန်တင်ရထား) ထိသွားတယ်။ ခေါင်းတွဲနဲ့ ကုန်သေတ္တာအဆိုင်းတွေ မှောက်ကုန်တာပေါ့။ရထားလမ်းလည်း ပျက်စီးသွားတာပေါ့”ဟု ပြောသည်။
အခင်းဖြစ်ပြီးနောက်စစ်ကောင်စီအဖွဲ့များက လာရောက်စစ်ဆေးမှတ်တမ်းရယူမှုမျာ
ထိုဖြစ်စဉ်ကြောင့်လမ်းအသုံးပြု ပြေးဆွဲနေသည့် မီးရထားခရီးစဉ်များကို ရပ်တန့်ထားရကြောင်း သိရသည်။
လမ်းပိုင်းပျက်စီးမှုနှင့်ပတ်
ဓာတ်ပုံ -ပေါက်ကွဲမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ၇ထားတွဲဆိုင်းများ (CJ)