ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စူခ်ဆမ်ရာမြို့တွင်တရားမဝင်ရောက်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်းထိုင်းနိုင်ငံ၏ အမှတ် ၂၅ ခြေမြန်တပ်ရင်း၏ သတင်းထုတ်ပြန်ချက်အရ သိ၇သည်။
ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ရနောင်းခရိုင်၊စူခ်ဆမ်ရာမြို့၊ နာခါရွာ ပေါက်မိုင်နယ် မြေအတွင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများကင်းလှည့်နေကြစဉ် ပစ်ကပ်ကားတစ်စီးပေါ်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ဦးကို ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်အတူ ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
အဆိုပါကားသည် ဖန်ငါခရိုင်ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီးကားပေါ်တွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက“လက်ရှိကိုယ့်ပြည်တွင်းမှာက နေထိုင်စားသောက်ဖို့ ပိုလို့တောင်ခက်ခဲလာတယ်။သူများနိုင်ငံထဲကို အလုပ်ရဖို့ နည်းလမ်းပေါင်းစုံနဲ့ ရောက်လာကြတာပဲ” ဟု ပြောသည်။
ယာဉ်မောင်း၏ထွက်ဆိုချက်အ၇ ၎င်းမြန်မာအလုပ်သမားများကိုပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၆၀၀၀ ဖြင့် ခေါ်လာပေးခြင်းဖြစ်သည်ဟုထွက်ဆိုခဲ့ကြောင်း သိ၇သည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာရာမှ အဖမ်းခံကြရသည့်မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ တစ်သောင်းခန့်အထိ ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင်ဖော်ပြခဲ့ သည်များကို ပြုစုထားသည့်စာရင်းအရ သိ၇သည်။
Photo - No , 25 Royal Thai Army