Preview

ဂန့်ဂေါရှိ ကပစ လုံခြုံရေးတပ်စခန်းကုန်းတစ်ခုကို ယောဒေသ ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်

သြဂုတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :1011
ပြည်တွင်း သတင်း

(စစ်သား ၃ ဦးသေဆုံးခဲ့ဟုဆို)

 မကွေးတိုင်း၊ဂန့်ဂေါမြို့၊ ကျောမြို့အနီးရှိ စစ်ကောင်စီ၏ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ) ၂၃ လုံခြုံရေးအရ ထားရှိသည့် စခန်းတစ်ခုအားယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)ကသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု YDF က သြဂုတ်လ၂၂ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းတိုက်ခိုက်မှုသည် သြဂုတ်လ၂၁ ရက်၊ နံနက် ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကပစ၂၃ ၏ စစ်ရေးဗျူဟာအရ ထားရှိသည့် အဆိုပါစခန်းကိုမိနစ် ၂၀ ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်သား ၃ ဦး သေဆုံးခဲ့သည်ကို မြင်တွေ့ခဲ့၇သည်ဟု YDF က ပြောဆိုထားသည်။

YDF တပ်ဖွဲ့ဝင်တစ်ဦးက “ကပစ ရဲ့ အနောက်ဘက်ကရန်သူစိုးမိုးထားရှိတဲ့ စခန်းတစ်ခုပါပဲ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်”ဟုပြောသည်။

စခန်းအတွင်းမှ MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၃ ခု ၊ ကျည် ၃၄၃ တောင့်၊အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁လုံး၊ ဖုန်း ၄ လုံးနှင့် Power Bank ၂ လုံးတို့ကိုလည်းသိမ်းဆည်းရရှိခဲ့ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သိမ်းဆည်း၇မိသည့်ဖုန်းအတွင်းမှ ၎င်းစခန်းတွင်ဗိုလ်ကြီး ၂ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦးစခန်းချနေထိုင်ကြောင်းတွေ့ရှိရသည်ဟုလည်း YDF ၏ထုတ်ပြန်မှုတွင် တွေ့ရှိ၇သည်။

တိုက်ပွဲကိုယောကာကွယ်ရေးတပ် (YDF)ယောနကစစ်ကြောင်းက ဖော်ဆောင်ခဲ့ပြီး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

  ဓာတ်ပုံ- သိမ်းဆည်း၇မိ လက်နက်ခဲယမ်းများ (YDF)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.