ပြီးခဲ့သည့် ဧပြီလမှဇူလိုင်လအထိ ၄ လအတွင်း စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှုး ဗိုလ်မှုး အဆင့်ရှိသူတစ်ဦးအပါအဝင် ၅၀၀ နီးပါးတို့သည် Civil Disobedience Movement (CDM)ဟု ခေါ်သည့်အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုး၇(NUG)၏ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်သည်။
ယမန်နေ့ ဩဂုတ်လ ၂၂ရက်ကကျင်းပသည့် NUG ၏၂၈ ကြိမ်မြောက်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်
“ဧပြီလကနေ ဇူလိုင်လအထိ၄ လ အတွင်းမှာ စာရင်းအ၇ ဒု-ရင်းမှူးအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် ခန့်မှန်း၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့အရေအတွက်ပဲ ဖြစ်ပြီးမချိတ်လာကြသေးတာလည်း ရှိနေနိုင်ပါတယ်။ ပြောလိုတာက ကျွန်တော်တို့ တော်လှန်ရေးဟာပြည်သူ့ အင်အားနဲ့ ရုန်းကန်တိုက်ပွဲဝင်လာကြတာ အခုဆိုရင် အောင်မြင်မှုပန်းတိုင်ကအတော်နီးနေပြီ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်ကိုမြင်နေရပြီဆိုတဲ့
လက်ရှိ ဩဂုတ်လအတွင်း၌လည်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့၍ ထွက်ပြေးလာကြသည့်စစ်သားပေါင်း ၅၀ ကျော်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။
စစ်ကောင်စီ၏ နိုင်ငံရေး၊စီးပွားရေး၊ စစ်ရေး ဘက်ပေါင်းစုံတွင်ပြိုလဲနေပြီး တစ်ပြည်လုံးရှိစစ်မျက်နှာ ပြင်များ၌လည်း ကျရှုံးထိခိုက်မှု များလာနေသည်
လက်ရှိစစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို စစ်တပ်အရန် အင်အားအဖြစ် ဖွဲ့စည်းတာဝန်ပေးဖို့ညွှန်ကြားနေရသည်အထိ ပြိုလဲနေပြီလို့လည်း မန်းဝင်းခိုင်သန်းကဆိုသည်။
မြေပြင်တိုက်ပွဲဝင်ရန်အတွက် စစ်တပ်မှအရာရှိများအပါအဝင်အခြားအဆင့်စစ်သည်များသည် စစ်တိုက် လိုစိတ်မရှိတော့သလိုနောက်တန်းတွင်ကျန်ခဲ့ရသည့် မိသားစုဝင်များမှာလည်း ပြင်ပနှင့်ဆက်သွယ်ခွင့်မရဘဲလူ့အခွင့်အရေး ဆုံးရှုံးနေကြရကြောင်း အမည်မဖော်လိုသည့် CDM အရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည်စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ (ကယား) ကရင်နီ၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ရေးအရှိန်တိုးမြှင့်ထားပြီးနေ့စဉ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေကြောင်း သိ၇သည်။
Photo - NUG