Preview

အွန်းလိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအပါအဝင် တရုတ်နိုင်ငံသားနှစ်ဦးကို မြန်မာရဲက တရုတ်ရဲထံ လွှဲပြောင်း

သြဂုတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :1463
ပြည်တွင်း သတင်း

မြန်မာနိုင်ငံရှိဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ငွေလိမ်ဂိုဏ်းခေါင်းဆောင် တစ်ဦးအပါအဝင်တရုတ်နိုင်ငံသားနှစ်ဦးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယနေ့တွင်ထုတ်ပြန်ခဲ့သည်။

သူတို့နှစ်ဦးကို ယနေ့သြဂုတ်လ ၂၃ ရက်၊ နံနက်တွင် ရန်ကုန်လေဆိပ်မှတဆင့်လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးအနက် ၁ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုတိုက်ဖျက်နှိမ်နင်းရာတွင်အဓိကကျသူဖြစ်သည်။

ယင်းအမျိုးသားနှစ်ဦးမှာ မြန်မာနိုင်ငံ၏မည်သည့်ဒေသတွင် ဖမ်းဆီးခြင်းခံသည့်ကို တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းရှိသော်လည်း ယခုလွှဲပြောင်းပေးမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် ဇွန်လတွင်မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကိုတရုတ်နိုင်ငံသို့ ပထမအကြိမ်ဖမ်းဆီးလွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများသည်မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်များတွင်သာ အများအပြား လှုပ်ရှားနေကြောင်း သိရသည်။

တရုတ်၊ လာအို၊ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ပြန်ပေးဆွဲမှုများကို ပြတ်ပြတ်သားသားနှိမ်နှင်းရန် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ယခု သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့ကပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်းဆုံးဖြတ်ထားခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင်ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်နေ၍ လူကုန်ကူးခြင်း၊ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများများစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန်ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး

#တရုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.