Preview

မိမိပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား ဂျက်လေယာဉ်ဆီများ မရောင်းချရန် အမေရိကန်က အရေးယူပိတ်ဆို့မှု ထပ်မံတိုးမြှင့်

သြဂုတ် ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1295
ပြည်တွင်း သတင်း

မိမိပြည်သူများအားဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား အမေရိကန်က အရေးယူပိတ်ဆို့မှုထပ်မံတိုးမြှင့်သည့်အနေဖြင့် မြန်မာစစ်တပ်နှင့်ဆက်သွယ်ပြီးဂျက်လေယာဉ်ဆီရောင်းချနေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကိုပိတ်ဆို့အရေးယူသွားမည်ဟု အမေရိကန် ဘဏ္ဍာရေးဌာန ပြောကြားလိုက်သည်

အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာစစ်တပ်ဂျက်လေယာဉ်များအတွက် လောင်စာဆီ တင်သွင်း ဖြန့်ဖြူးမှုနှင့်ဆက်စပ်နေသော ကုမ္ပဏီသုံးခု နှင့် လူပုဂ္ဂိုလ်နှစ်ဦးဖြစ်သောခင်ဖြူဝင်း၊ ဇော်မင်းထွန်း တို့ကို ထပ်မံအရေးယူပိတ်ဆို့လိုက်သည်ဟုမကြာခင်က ကြေညာခဲ့သည်။

မြန်မာစစ်ကောင်စီ၏ကာကွယ်ရေးဌာနအတွက် နိုင်ငံပြင်ပတွင် အလုပ်လုပ်ပေးနေသော ကုမ္ပဏီများကိုအရေးယူပိတ်ဆို့ရန် သမ္မတဂျိုးဘိုင်ဒင်၏ လက်မှတ်ရေးထိုးထားသောအမိန့်အရ ဘဏ္ဍာရေးဌာနသည် ဆုံးဖြတ်ချက်အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိ၇သည်။

“စစ်ကောင်စီအတွက်အရေးကြီးတဲ့ကဏ္ဍတွေကိုပိတ်ဆို့အရေးယူမှု ထပ်မံတိုးမြှင့်လိုက်ခြင်းဖြင့်စစ်ကောင်စီရဲ့ ဖိနှိပ်မှု သက်ဆိုးရှည်စေမယ့်အရင်းအမြစ်တွေ ကုန်ခမ်းသွားအောင် လုပ်နိုင်မှာ ဖြစ်တယ်” ဟုအမေရိကန် ဘဏ္ဍာရေးဌာနလက်ထောက်အတွင်းရေးမှူး ဘရိုင်ယန် နယ်လ်ဆင်က ဆိုသည်။

“မြန်မာစစ်တပ်ဟာပြည်သူတွေကို ဖိနှိပ်ဖို့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်” ဟု သူက ဆက်ပြောသည်။


ref:financial express

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.