Preview

ဒကစမှုး ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများ ကုန်တင်ကားနှင့်တကွ သိမ်းဆည်းရမိ

သြဂုတ် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1228
ပြည်တွင်း သတင်း

စစ်ကောင်စီတပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ လက်နက်ကျည်ဆန်အမြောက်အများအပါအဝင် တပ်ပြောင်းပစ္စည်းများကို စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်ထဲ၌ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် လ ၂၈ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲတွင် ကုန်တင်ယာဉ်အမှတ်6B/54571 (၁၂)ဘီးကားတစ်စီးပေါ် တင်ဆောင်လာသည့် တပ်သုံးပစ္စည်းများနှင့်အိမ်ထောင်သုံးပစ္စည်းများကို PDF တပ်ဖွဲ့ဝင်များနှင့်အမှတ် ၁ စစ်ဒေသ ကသာခရိုင်ကွပ်ကဲမှုဖြင့် (ထီးချိုင့် ပကဖ) တပ်ဖွဲ့ဝင်များကသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများမှာစစ်ယူနီဖောင်း (၇၀) စုံ၊ 5.56 ကျည်(၄၆၅) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ၁၂ ဘီးကား (၁) စီး၊ Skynet (၂) လုံး၊ ဓာတ်မြေသြဇာ(၁၅၀) အိတ်၊ Sonyအမျိုးအစား Camera(၁) လုံး၊ Fax စာပို့စက် (၁) လုံး၊Jammer အကြီး (၁) လုံး၊ Jammerအသေး (၁) လုံး၊ PCComputer (၂)လုံး၊ TYT ဆက်သွယ်ရေးစက်(၄) လုံး၊ Inverter (၄)လုံး၊ Equipment (၁)စုံ၊ စစ်ဖိနပ် (၃)ရံ၊ ဆုတံဆိပ် (၆) ခု၊ TV (၂)လုံး၊ ကော်ရည်လောင်းစက် (၁) ခု၊ ကတ်ထရစ် (၂) ခုတို့ဖြစ်ကြောင်း ဖော်ပြထားသည်။




(ဒကစမှူး)ဗိုလ်မှူးချုပ် မြတ်မင်းမိုး (ကြည်း-၂၇၉၇၂) သည် ကရင်နီ (ကယား) ပြည်နယ်၊လွိုင်ကော်မြို့မှ ကချင်ပြည်နယ် တနိုင်းမြို့သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ရာ အိမ်ထောင်ပြောင်းအဖြစ်အဆိုပါ ကုန်တင်ယာဉ်နှင့် တင်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။

CDM စစ်တပ်အရာရှိတစ်ဦးက"အခု ဒီသတင်းကအမှန်ပဲဆိုရင်သူတို့အတွက် လုံခြုံရေးမကောင်းတော့ဘူး။ ဒါပဲလေ၊ PDF တွေကလည်း သူတို့ဒေသကာကွယ်ရေးအတွက်တောင်လုပ်နိုင်နေကြပြီ။ ဒီလောက်ပစ္စည်းတွေ ဆုံးရှုံးခံလိုက်ရတာက ဘာမှမဟုတ်ပေမယ့်သူတို့လုံခြုံရေး အတော်လေးနည်းနေပြီဆိုတာ ပြတာပဲ" ဟု သုံးသပ်ပြောသည်။

ကုန်တင်ယာဉ်ပေါ်ပါသူများနှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနကတစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.